Latest News

Sunday, February 26, 2017

ရွှေကြာဇာတ်ကားမှာ ဇာတ်ရုပ်က စိန်ခေါ်မှုတွေရှိတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရွှေကြာဇာတ်ကားမှာ ဇာတ်ရုပ်က စိန်ခေါ်မှုတွေရှိတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်



ရွှေကြာရုပ်ရှင်ဇာတ် ကားတွင် ပါဝင်ရမည့် ဇာတ်ရုပ် သည် အနုပညာသက်တမ်းတစ် လျှောက် တစ်ကြိမ်မျှ မရိုက်ဖူး သည့် ဇာတ်ရုပ်ဖြစ်၍ စိန်ခေါ်မှုရှိ ကြောင်း သင်ဇာဝင့်ကျော်က ပြောသည်။

‘‘စံထားညိုနေရာက အိုက် တင်က နည်းနည်းတော့ ခက် တယ်။ ခက်တယ်ဆိုတာက တစ် ခါမှ မလုပ်ဖူးတာမျိုးဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုလို့ ပြောလို့ရတယ်။ အများကြီးတော့ ကြိုးစားရမှာပေါ့’’ဟု သင်ဇာဝင့် ကျော်က ပြောသည်။

ရွှေကြာဇာတ်ကားတွင် သင် ဇာဝင့်ကျော်က ဟိုတယ်မန်နေဂျာ အမျိုးသမီးအဖြစ် ပါဝင်သရုပ် ဆောင်မည်ဖြစ်ပြီး ခန္ဓာကိုယ်ရင်း ၍ လုပ်ကိုင်စားသောက်နေသည့် အမျိုးသမီးများအပေါ် ရွံမုန်းသူ၊ချစ်သူကို နားလည်နိုင်သူတစ်ဦး အဖြစ် သရုပ်ဆောင်ရမည်ဖြစ် သည်။

‘‘သူတို့ကို မမုန်းလည်း မမုန်းဘူး။ မရွံလည်း မရွံဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်ချင်းစာတယ် လေ။ သူတို့ဆိုတာလည်း အရင် ဘဝအကျိုးပေးကံမကောင်းလို့ ဖြစ်လာတာ။ ဘယ်သူမှ ဒီလို မဖြစ်ချင်ဘူး။ ကိုယ်ကိုယ်တိုင် တောင် စိတ်ထည့်ကြည့်တာ။ ကိုယ်မချစ်တဲ့ လူတစ်ယောက်နဲ့ အဲဒီလိုနေရမယ်ဆိုရင် ဘယ်လိုမှ မရဘူး။ သူတို့ဘဝက အရမ်းခက် ခဲပါတယ်။ တခြားလူတွေထက် ခက်ခဲတဲ့ဘဝကို ရင်ဆိုင်ရမယ်ဆို တာ နားလည်ပါတယ်။ အဲဒါ ကြောင့် အပြင်မှာတော့ အဲဒီလို မဟုတ်ပါဘူး’’ဟု ခန္ဓာကိုယ်ကို ရင်း၍ လုပ်ကိုင်စားသောက်နေရ သည့် အမျိုးသမီးများအပေါ် ၎င်း ၏ အမြင်ကို ပြောသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာဝိုင်းက ရိုက်ကူးမည်ဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေးနှင့် သင်ဇာဝင့်ကျော်တို့ သရုပ်ဆောင်မည် ဖြစ်သည်။

လတ်တလောတွင် အနု ပညာလှုပ်ရှားမှုအဖြစ် ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးသည့် ဗီဇ ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။

‘‘ဗီဇမှာက ဂျစ်ပစီပုံစံပဲ။ လမ်းသရဲစရိုက်ပေါ့။ ကျူးကျော် တဲတွေမှာနေ၊ အော်ဟစ်ဆဲဆိုရန် ဖြစ်တဲ့ စရိုက်မျိုး။ ကိုယ်က စရိုက် ဖြစ်ပေမယ့် ကိုယ့်မိဘမျိုးရိုး ကောင်းတော့ တခြားပါတဲ့လူတွေ လောက်တော့ မဆိုးဘူးပေါ့’’ဟု သင်ဇာဝင့်ကျော်က ပြောသည်။

 
7Day News Journal

No comments:

Post a Comment