Latest News

Sunday, February 19, 2017

သနပ်ခါးရဲ့ ကျန်းမာရေးအာနိသင်(၇)မျိုး

သနပ်ခါးရဲ့ ကျန်းမာရေးအာနိသင်(၇)မျိုး


သနပ်ခါးဟာ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ ဖြစ်ထွန်းအောင်မြင်တဲ့ အပင်ဖြစ်ပါတယ်။ ရွှေဘိုသနပ်ခါး၊ ရှင်မတောင်သနပ်
ခါး စသည်တို့ဟာ နာမည်ကြီးလှပြီး မြန်မာပျိုမေတို့ အသဲစွဲဖြစ်ပါတယ်။ ပင်စည်၊ အမြစ်ကို ပါးနဲ့ အခြားခန္ဓာကိုယ် အ
စိတ်အပိုင်းတွေကို လိမ်းပေးရုံဖြင့် နူးညံ့ချောမွှတ်တဲ့ အသားရေကို ပိုင်ဆိုင်စေပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားအထိ
တင်ပို့ရတာမျိုး ရှိပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အိမ်ပြန်ဝယ်စရာ လက်ဆောင်တစ်မျိုး
ြုဖစ်ပါတယ်။ သနပ်ခါးဟာ အသားအရေလှပစေတဲ့အပြင် အခြားကျန်းမာရေးအာနိသင်တွေလည်း ရှိနေပါတယ်။ သနပ်ခါး
ရဲ့ အကျိုးအာနိသင် (၇) မျိုးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) နေလောင်ဒဏ်/အမာရွတ်/ အစက်အပျောက်တွေကို ပျောက်ကင်းစေတယ်

သနပ်ခါးဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အလှပြင်စရာ ဖြစ်ပါတယ်။ သနပ်ခါးမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေကြောင့် နေ
လောင်ဒဏ်အပြင် အမာရွတ်/ ၀က်ခြံတင်းတိပ်မှဲ့ခြောက်-စတာတွေကိုပါ အချိန်တိုအတွင်း ပျောက်ကင်းစေပါတယ်။

(၂) အသားရေကို အေးမြစေတယ်

သနပ်ခါးဟာ နွေရာသီနဲ့ အထူးသင့်တော်တဲ့ ဆေးဘက်ဝင် အပင်ဖြစ်ပါတယ်။ အသားအရေး ပူလောင်ခြင်း၊ ချွေးပေါက်
ကျယ်ခြင်း၊ မိတ်ထွက်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၃) အရေအပြားကင်ဆာကို ကာကွယ်ပေးနိုင်တယ်

အရေအပြား မှိုစွဲခြင်းမှတစ်ဆင့် နောက်ဆက်တွဲ ရောဂါတွေအတွက် သနပ်ခါးကို လိမ်းပေးရုံနဲ့ ကာကွယ်နိုင်ပါတယ်။

(၄) ပွေး၊ ၀ဲ၊ ညှင်း၊ ဂျွတ်၊ ဒက်-စတာတွေကို ပျောက်ကင်းစေတယ်

သနပ်ခါးမှာ ပါဝင်တဲ့ဓာတ်တွေဟာ အရေးပြားကို တွယ်ကပ်လာတဲ့ ဘက်တီးရီးယားပိုးတွေကို ထိထိရောက်ရောက် နှိမ်
နင်း နိုင်ပါတယ်။ ဒါကြောင့် ပွေး၊ ၀ဲ၊ ညှင်း ဂျွတ်၊ ဒက်-စတာတွေကို အထူးပျောက်ကင်းစေပါတယ်။

(၅) အရွယ်တင် နုပျိုစေတယ်

သနပ်ခါးကို ပုံမှန်လိမ်းပေးခြင်းဖြင့် အသားရေ တွန့်ခြင်း တွဲခြင်း စတာတွေကို သက်သာစေပါတယ်။ အရေးပြားဆဲလ်များ
ပျက်စီးခြင်းကို ကာကွယ်ပေးပြီး လက်ရှိအသက်ထက် ပိုပြီး နုပျိုစေပါတယ်။

(၆) ရောဂါစုံ ကင်းဝေးတဲ့ဆေးတဲ့ သနပ်ခါး

ကျွန်တော်တို့ ငယ်စဉ်က အမေဖြစ်သူဟာ သနပ်ခါးလိမ်းပေးရင်း လက်ကျန်သနပ်ခါးကို ပါးစပ်ထဲ ခွံ့လေ့ရှိပါတယ်။ ဒါ
ဟာ ရှေးဟောင်း နန်းတွင်း ဆေးနည်းလို့ သိရပြီး ဗိုက်အောင့်၊ ဗိုက်နာ၊ ခေါင်းမူး၊ အော့အန်၊ နေမကောင်းဖြစ်ခြင်းအပြင်၊
သူငယ်နာ၊ ဖက်ခွက်နာ၊ ထိပ်ကပ်နာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၇) ခန္ဓာကိုယ်အလှကို လေ့ကျင့်ပြီးသား ဖြစ်စေတယ်

မြန်မာအမျိုးသမီးများ သနပ်ခါးသွေးတဲ့အခါ ခါးကို ဟန်ချက်ထိန်းပြီး သွေးကြပါတယ်။ ဒါဟာ ခါးလေ့ကျင့်ခန်း လုပ်ပြီး
သားဖြစ်ပြီး လက်မောင်းကြွက်သားတွေ တွဲလျှားကျခြင်း၊ ပျော့အိခြင်းအတွက်လည်း သဘာဝလေ့ကျင့်ခန်း ဖြစ်စေပါ
တယ်။ သက်တောင့်သက်သာနဲ့ အားစိုက်ထုတ်မှု အလွန်နည်းပေမယ့် ခန္ဓာကိုယ်ကို သွယ်လျှ လှပစေပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

No comments:

Post a Comment