Latest News

Sunday, February 19, 2017

အိမ်မဲမြို့နယ်တွင် နှစ်နှစ်အရွယ် ကလေးတစ်ဦးအား အသက်သေဆုံးသည်အထိ သားမယားအဖြစ် ပြုကျင့်ပြီးနောက် တိမ်းရှောင်နေသည့် တရားခံဟု စွပ်စွဲခံရသူကို ဖမ်းဆီးရမိ

အိမ်မဲမြို့နယ်တွင် နှစ်နှစ်အရွယ် ကလေးတစ်ဦးအား အသက်သေဆုံးသည်အထိ သားမယားအဖြစ် ပြုကျင့်ပြီးနောက် တိမ်းရှောင်နေသည့် တရားခံဟု စွပ်စွဲခံရသူကို ဖမ်းဆီးရမိ

အိမ်မဲမြို့နယ် ခြောက်အိမ်တန်းကျေးရွာအုပ်စု ကုလားကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအား အသက်သေဆုံးသည်အထိ သားမယားအဖြစ် ပြုကျင့်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေခဲ့သော တရားခံဟု စွပ်စွဲခံရသူအား ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ခြောက်အိမ်တန်းကျေးရွာအုပ်စု --- ကျေးရွာနေ ဦးဆူဘမ်းသည် အနီးရှိ ကျေးရွာတစ်ခုတွင် ဘောလုံးပွဲ၌ ဈေးသွားရောက် ရောင်းချပြီးနောက် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေအိမ်တွင် သမီးဖြစ်သူ ဒေါ်ခင်ချိုသက်နှင့် မြေးတော်စပ်သူ မ--- အသက် နှစ်နှစ်အရွယ် (မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြပြီး အဘိုးတော်စပ်သူနှင့် အဒေါ်တော်စပ်သူတို့နှင့် အတူနေထိုင်) တို့က ခြင်ထောင်တစ်လုံး၊ ဦးဆူဘမ်းက ခြင်ထောင်တစ်လုံးဖြင့် အိပ်စက်အနားယူခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၄ နာရီခန့်တွင် မြေးတော်စပ်သူ မ---အသက် နှစ်နှစ်နှင့်အတူ အိပ်စက်နေသည့် သမီးဖြစ်သူ ဒေါ်ခင်ချိုသက်က မ--- မှာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းနေသည်ဟု ငိုယိုလျက်လာရောက် ခေါ်နှိုးသောကြောင့် မြေးတော်စပ်သူ မ---အား စစ်ဆေးကြည့်ရှုရာတွင် ၀ဲဘက်နဖူးအစပ်တွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်နှင့် မိန်းမအင်္ဂါစပ်မှ သွေးများယိုစီးပြီး သေဆုံးနေသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ချိုသက်အား မေးမြန်းရာတွင် တစ်အိမ်တည်းနေ သမက်တော်စပ်သူ ဒေါ်ခင်ချိုသက်၏ ခင်ပွန်း ဦးမိုးကျော်က ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီခန့်တွင် မ---အား ဦးဆူဘမ်း ဈေးရောင်းသည့်နေရာသို့ ခေါ်ဆောင်သွားပေးမည်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားကြောင်း ဦးမိုးကျော်မှာ ည ၁၀ နာရီခန့်တွင် မ--- အား ပြန်လည်ပွေ့ချီကာ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ဒေါ်ခင်ချိုသက်အား ကလေးဖြစ်သူ အိပ်နေတယ်ဟု ပြောဆိုကာ ခြင်ထောင်အတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ ယင်းနောက် ဒေါ်ခင်ချိုသက် အိပ်ရာဝင်သည့် အချိန်ထိ ဦးမိုးကျော်မှာ နေအိမ်အပြင်သို့ ထွက်ထိုင်နေခဲ့ပြီး မ---သေဆုံးနေကြောင်း သိရှိရချိန်တွင် ဦးမိုးကျော်မှာ နေအိမ်တွင် မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ဦးမိုးကျော်မှာ မ--- အား နေအိမ်မှ ခေါ်ဆောင်သွားကာ သေဆုံးသည်အထိ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ကို သိရှိရသောကြောင့် ဦးမိုးကျော်အား အရေးယူ ဆောင်ရွက်ပေးပါရန် ဒေါ်ခင်ချိုသက်က လူကောင်းကျွန်း နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ကျူးလွန်သူဟု စွပ်စွဲခံရသူ ဦးမိုးကျော်မှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး လူကောင်းကျွန်း နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေရာတွင် အိမ်မဲမြို့နယ်ရှိ စွပ်စွဲခံရသူ ဦးမိုးကျော်၏ မိခင်နေထိုင်ရာ နေအိမ်နှင့် နီးစပ်သည့် တောစပ်အတွင်းမှနေ၍ ဦးမိုးကျော်အား ဖေဖော်ဝါရီ ၁၇ ရက် မွန်းတည့် ၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်စဉ်နေ့ကတည်းက ကျွန်တော်တို့ ပိုက်စိပ်တိုက် လိုက်ရှာဖွေနေတာပါ၊ မနေ့က သူ့အမေအိမ်အနားက လယ်ကွင်းက တောစပ်မှာ ဖမ်းမိတယ်။ အခုတော့ ကျွန်တော်တို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု လူကောင်းကျွန်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြေကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူကောင်းကျွန်း နယ်မြေရဲစခန်းမှ အသက်နှစ်နှစ်အရွယ် ကလေးအား အသက်သေဆုံးသည်အထိ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဦးမိုးကျော်အား (ပ) ၄/၂၀၁၇ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၇၆ များဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မှုခင်းသတင်းဂျာနယ်

No comments:

Post a Comment