Latest News

Sunday, February 26, 2017

ဝမ်းတွင်းမြို့တွင် ရဲမှူးအမည်သုံးပြီး ဖုန်းဘေ လိမ်လည်ထည့်ခိုင်းမှု ဖြစ်

ဝမ်းတွင်းမြို့တွင် ရဲမှူးအမည်သုံးပြီး ဖုန်းဘေ လိမ်လည်ထည့်ခိုင်းမှု ဖြစ်


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအမည်သုံးစွဲပြီး အစည်းအဝေးတက်နေရလို့ မအားလပ်သဖြင့် ဖုန်းဘေထည့်ပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖုန်နံပါတ်ရှစ်ခုပေးပြီး ဖုန်းတလုံးကို ဘေနှစ်သောင်းဖိုးထည့်ပေးဖို့ လိမ်မ်လည်လုပ်ဆောင်မှု ဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီ လောက်မှာဖြစ်ပွားခဲ့ပါတယ်။

ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က  “ကျနော်ဆီကို ၀၉၄၄၄ နဲ့စတဲ့ဖုန်းတလုံးနဲ့ ဖုန်းခေါ်လာပြီး ငါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပါ၊ ထီးလှိုင်အုပ်စုနဲ့ပတ်သက်ပြီး တိုင်စာသုံးစောင်ရောက်နေတယ်။ စစ်ဆေးစရာရှိတယ်။ အခုတော့အစည်းဝေးတက်နေရလို့ ငါ့သူငယ်ချင်းဖုန်းတွေရော ဖုန်းဘေထည့်ပေးဦး။ ပြန်လာတော့ရှင်းမယ်။ နေ့ခင်းလောက်တော့ မင်းတိုင်စာစစ်မယ်ဆိုပြီး ဖုန်းဆက်တယ်။” လို့ပြောပြပါတယ်။

ပြီးခဲ့တဲ့လလောက်က မြို့နယ်ရဲတပ်ဖွဲ့မှူးက ငါကိုယ်တိုင်မှမဟုတ်ရင် ငါ့ဖုန်းထဲဘေ လှမ်းမထည့်နဲ့လို့မှာထားတာ သတိရပြီး အစ်ကိုဖြစ်သူ ထီးလှိုင်ရွာအုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့ပြီး ရဲမှူးက ဖုန်းဘေမထည့်ဖိုမှာထားကြောင်း ပြောပြလို့ ဖုန်းဘေထည့်ခိုင်းတဲ့သူဟာ ဖုန်းနဲ့လိမ်နေတာ သိရတယ်လို့ ဖုန်းဆိုင်ပိုင်ရှင် ကိုဘိုဘိုကပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးလွင်က “ပြီးခဲ့တဲ့လကတောင်သာမြို့နယ်ရဲတပ်ဖွဲ့မှာ အခုဖြစ်စဉ်နဲ့ တထပ်တည်း ဖြစ်ခဲ့တာကြားသိထားတော့ ဖုန်းဆိုင်တွေကို ငါကိုယ်တိုင်လာပြီး ဖုန်းဘေထည့်တာမဟုတ်ရင် ဘယ်သူကိုမှ မထည့်ပေးနဲ့ ဘယ်သူကိုမှလည်း မထည့်ခိုင်းဘူးလို့ မှာထားတော့ ဖုန်းဆိုင်က လာဆက်သွယ်လို့ အလိမ်မခံရတာပေါ့။” လို့ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် ချုပ်ရေးမှူး ရှစ်ဦးလောက်ကို ဖုန်းဆက်ပြီး လိမ်လည်ဖုန်းဘေထည့်ခိုင်းပေမယ့် ဘုရားစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က ဖုန်းဘေတစ်သိန်းခြောက်သောင်းဖိုးထည့်ပေးလိုက်ပါတယ်။ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
DVB TV News

No comments:

Post a Comment