Latest News

Saturday, February 18, 2017

ထရန့်အနေဖြင့် ဘိုးအင်းစက်ရုံသို့ သွားရောက်စဉ် အမေရိက၌ ထုတ်လုပ်ရေးကတိနှင့် ပတ်သက်၍ အကျပ်ရိုက်ခဲ့

ထရန့်အနေဖြင့် ဘိုးအင်းစက်ရုံသို့ သွားရောက်စဉ် အမေရိက၌ ထုတ်လုပ်ရေးကတိနှင့် ပတ်သက်၍ အကျပ်ရိုက်ခဲ့

ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဘိုးအင်းကုမ္ပဏီ၏ နောက်ဆုံးထုတ် Dreamliner လေယာဉ် မိတ်ဆက်အခမ်းအနားသို့ တက်ရောက်ပြီး ဘိုးအင်းစက်ရုံ၌ လူထုစုဝေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်သည် သမဂ္ဂဖွဲ့စည်းမှုကို ဆန့်ကျင်မဲပေးခဲ့ကြပြီး မကြာမီအချိန် ဖြစ်ခဲ့သည်။

လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော ဘိုးအင်းက သမ္မတအသစ် အနေဖြင့် သူထပ်ကာထပ်ကာ ပြောနေသည့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးရေး မူဝါဒအတိုင်း မလိုက်ရန် မျှော်လင့်ထားပြီး ထရန့်အနေဖြင့်လည်း သူ၏ အမေရိက၌သာ ထုတ်လုပ်ရေးမူဝါဒနှင့် ပတ်သက်၍ အကျပ်ရိုက်လျက် ရှိသည်။

တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွင် ပြုလုပ်သော အဆိုပါ လူထုစုဝေးပွဲ၌ ပြည်ပ အလုပ်အကိုင်များမှနေ၍ ကုမ္ပဏီများကို ကာကွယ်ရန်နှင့် ကုန်သွယ်မှု ဆက်ဆံရေး၌ လိမ်လည်လှည့်ဖြားသည့် နိုင်ငံများအလိုသို့ မလိုက်ရန် သူ၏ကတိများကို ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

“အမေရိကန်ကိုဝယ်ပြီး အမေရိကန် နိုင်ငံသားတွေကို ငှားရမ်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ပါ။ ကျွန်တော်တို့ ထုတ်ကုန်တွေကို အမေရိကန်ထဲမှာပဲ အမေရိကန်နိုင်ငံသားတွေရဲ့လက်နဲ့ ထုတ်လုပ်ဖို့ လိုလားပါတယ်” ဟု ထရန့်က သူ့အား ကောင်းချီးပေးနေသော လူအုပ်ကြီးသို့ ပြောကြားခဲ့သည်။

ထရန့်က “ကျွန်တော်တို့ နိုင်ငံထဲမှာပဲ ထုတ်လုပ်ဖို့ ပိုမိုလွယ်ကူစေရမှာဖြစ်ပြီး ဒီနိုင်ငံကနေ ထွက်သွားဖို့ ပိုမိုခက်ခဲစေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကနေ ကုမ္ပဏီတွေ ထွက်သွားမှာ မလိုလားပါဘူး” ဟု ပြောကြားခဲ့သည်။

“ဒါမျိုး ဖြစ်လာမှာကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ကျွန်တော့်ကို ယုံကြည်ကြပါ။ ကျွန်တော်တို့ နိုင်ငံသားတွေကို သူတို့အလုပ်ထုတ်ပစ်ရင်၊ သူတို့အလုပ်ကို တခြားနိုင်ငံ ရွှေ့သွားရင် ပြစ်ဒဏ်ချတဲ့ အနေနဲ့ ကြီးလေးတဲ့ဒဏ်ငွေတွေ အဆက်မပြတ် ရိုက်ပါမယ်” ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်က ကုမ္ပဏီ အခွန်အတုတ်များ လျှော့ချရန်နှင့် အလုပ်အကိုင်ကို ထိခိုက်စေသည့် စည်းမျဉ်းစည်းကမ်းများကို အကြီးအကျယ် လျှော့ချပေးရန် ကတိကိုလည်း ထပ်မံအတည်ပြုခဲ့သည်။ ထရန့်က ကုန်သွယ်မှု ဆက်ဆံရေးများ၌ အမေရိကန် အလုပ်သမားများအတွက် နယ်ပယ်အဆင့်တစ်ရပ်ကို ဖန်တီးပေးမည်ဟုလည်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်က တောင်ကာရိုလိုင်းနားရှိ ဘိုးအင်း၏ လေယာဉ်မိတ်ဆက်ပွဲတွင် စကားပြောနေသော ဒေါ်နယ်ထရန့် (Photo: AFP)

Eleven

No comments:

Post a Comment