Latest News

Thursday, February 23, 2017

ဖုန်းထဲကအသံကြားပြီး အသက် ၈၂ နှစ်အရွယ် အဖွားအိုနှင့် လက်ထပ် လိုက်သည့် လူငယ်အမျိုးသား

ဖုန်းထဲကအသံကြားပြီး အသက် ၈၂ နှစ်အရွယ် အဖွားအိုနှင့်

လက်ထပ် လိုက်သည့် လူငယ်အမျိုးသား


အင်ဒိုနီးရှားနိုင်ငံမှ အသက် ၂၈ နှစ်အရွယ် လူငယ်အမျိုးသားတဦးဟာ ဖုန်း ထဲက အသံ ကို စွဲလမ်းတဲ့စိတ်ကြောင့် အသက် ၈၂ နှစ်အရွယ် အဖွားအိုတဦးနဲ့ မေတ္တာမျှပြီး လက်ထပ် ခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့ တနှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး ဆိုဖီယန် လိုဟို ဒန်ဒယ်လ်ဟာ အမျိုးသမီးတဦးဆီက ဖုန်း မှားခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒန်ဒယ်လ်ဟာ ဖုန်းထဲကကြားရတဲ့ အမျိုးသမီးရဲ့အသံ ကို စွဲလမ်းနှစ်သက်ခဲ့ပြီး အပြန်အလှန် ဖုန်းတွေပြောဖြစ်ခဲ့ကြကာ နောက်ပိုင်းမှာတော့ သူတို့ ၂ ဦးစလုံးဟာ ဖုန်း ထဲကတဆင့် မေတ္တာမျှခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီတချိန်လုံးမှာ အဖွားအိုရဲ့အသက် ကို မသိရှိခဲ့ဘူးလို့ စက်ပြင်တဦးဖြစ်တဲ့ ဒန်ဒယ်လ်က ဆိုပါတယ်။

အဲဒီနောက်တော့ သူတို့ ၂ ဦးဟာ အပြင်မှာဆုံကြဖို့ ဆုံးဖြတ်ခဲ့ကြပြီး အမျိုးသမီးရဲ့အိမ်ကို ရောက်ရှိခဲ့ချိန်မှာတော့ အဖွားအို မာသာ ပိုတူကို တွေ့ရှိခဲ့ပြီး အံ့အားသင့်ခဲ့ရပါတော့တယ်။

မာသာပိုတူဟာ ဖုန်း ထဲကပြောတဲ့ အသံ နဲ့ ကွဲလွဲပြီး အသက် ၈၂ နှစ်အရွယ် မုဆိုးမ အဖွားအိုတဦး ဖြစ်နေခဲ့တာပါ။

သူဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလတည်းက တဦးတည်း ဘဝကို ဖြတ်သန်းနေခဲ့ရကာ သူ့ရဲ့ကလေး ၂ ဦးဟာလည်း နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒီအခြေအနေတွေ သိရပြီးတဲ့နောက်မှာလည်း ဒန်ဒယ်လ်ဟာ မုဆိုးမအဖွားအိုတဦးဖြစ်တဲ့ ပိုတူအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတရား မပြောင်းလဲခဲ့ပါဘူး။

READ  အိမ်ထောင်ပြုဖို့ အချိန်ပိုစောင့်လေ ကွာရှင်းပြတ်စဲနိုင်ခြေ ပိုများလေဟု ဆို
အပြစ်တင် ဝေဖန်မှုတွေများတဲ့ အင်ဒိုနီးရှားလိုနိုင်ငံမှာ သူတို့ ၂ ဦးရဲ့ ဖြတ်သန်းရမယ့်ခရီးဟာ မလွယ်ကူပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ လက်ထပ်လိုက်ကြပါတယ်။

အသက် ၆၀ အရွယ် ဒန်ဒယ်လ်ရဲ့ မိခင်ဖြစ်သူ မက်ဂ်ဒါလီနာက “သူဟာ အဖွားအရွယ်ကို ရွေးချယ်ခဲ့တာ ကျမတို့ မသိခဲ့ပါဘူး။ ကျမတို့ သူ့ကို မတွေ့ရခင်အထိ သူ့ရဲ့အသက်ကို ဖုံးကွယ်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ တဦးအပေါ်တဦးထားတဲ့ ချစ်ခြင်းမေတ္တာတရားကို မြင်နေခဲ့ရပါတယ်။ အံ့သြရုံကလွဲပြီး ကျမတို့ ဘာပြောနိုင်မှာလဲ။ သူ့ရဲ့ရွေးချယ်မှုကို ကျမတို့ လက်ခံခဲ့ပါတယ်” လို့ ပြောပါတယ်။

မင်္ဂလာပွဲတက်ရောက်လာခဲ့တဲ့ ဧည့်သည်တဦးက သူတို့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို ပြန်လည်မျှဝေခဲ့ချိန်မှာတော့ သူတို့အကြောင်းဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။

သတို့သမီးဖြစ်တဲ့ ပိုတူကတော့ “ဒီအသက်အရွယ်မှာ ကျမကို ဂရုစိုက်နိုင်မယ့် အဖော်ကောင်းတယောက်နဲ့ တွေ့နိုင်ဖို့ ကျမ ဘုရားသခင်ဆီမှာ အမြဲဆုတောင်းခဲ့ပါတယ်။ ခုတော့ ဆိုဖီယန်ကို ကျမဆီ ပို့ဆောင်ပေးခဲ့တယ်လေ” လို့ ပြောပါတယ်။

Credit: DVB

   

No comments:

Post a Comment