Latest News

Friday, February 17, 2017

၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး အာမခံမရခြင်းသည် သြဇာအာဏာရှိသူများနှင့် ပတ်သက်ဟု ဥပဒေပညာရှင်ပြော

၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး အာမခံမရခြင်းသည် သြဇာအာဏာရှိသူများနှင့် ပတ်သက်ဟု ဥပဒေပညာရှင်ပြော

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အမှုဖွင့်ခံရပြီး အာမခံ မရသူအများစုသည် သြဇာအာဏာရှိသူများနှင့် ဖြစ်သော အမှုများကြောင့်ဖြစ်သည် ဟု မြန်မာမီဒီယာရှေ့နေများ ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်စိုးဦးက ပြောသည်။

နေပြည်တော်တွင် ဖေဖော် ၀ါရီ ၁၅ရက်က ဆက်သွယ်ရေးဥ ပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်၍ ဆွေနွေးပြီး မြန်မာမီဒီယာရှေ့နေ များ ကွန်ရက်အဖွဲ့ဝင်များ၊ ဆက် သွယ်ရေးဥပဒေဆိုင်ရာသုတေသ နအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် များနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် များ တက်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

‘‘ကျွန်တော်လေ့လာကြည့် လိုက်တဲ့အခါ အာမခံမရတဲ့ဟာ တွေက အင်မတန်မှ သြဇာအာ ဏာကြီးတဲ့သူတွေနဲ့ဖြစ်တဲ့သူ တွေက အာမခံမရဘူး။ ဥပမာ သမ္မတကို စော်ကားလို့ စွဲတဲ့အမှု မျိုး၊ ကာချုပ်နဲ့ပတ်သက်တဲ့အမှု မျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလို့စွဲတဲ့အမှုမျိုးက အာမခံ လွယ်လွယ်ကူကူ မပေးဘူး’’ဟု မြန်မာမီဒီယာရှေ့နေများကွန် ရက်ဥက္ကဋ္ဌဦးအောင်စိုးဦးက အဆိုပါဆွေးနွေးပွဲတွင်ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်၍ ဆက် သွယ်ရေးဥပဒေဆိုင်ရာသုတေသ နအဖွဲ့က ၂၀၁၇ ဇန်န၀ါရီ ၁၃ရက် အထိ ကောက်ယူထားသော စာ ရင်းများအရ တရားရုံးတင်၍ စွဲ ဆိုထားသောအမှုသည် ၄၉မှုရှိပြီး လက်ရှိ အစိုးရလက်ထက်တွင် စွဲဆိုထားသောအမှုသည် ၄၂မှုရှိ ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအမှုများတွင် ပြစ်ဒဏ် ချမှတ်ခံရသူ ငါးဦး၊ ဖမ်းဆီးချုပ် နှောင်ခံရသူ ရှစ်ဦး၊ အာမခံရရှိ ထားသူများနှင့် CIDမှ စစ်ဆေးဆဲ အမှုများပါဝင်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ‘‘ဥပဒေတွေဟာ ပြည်သူ တွေလိုက်နာနိုင်တဲ့ဥပဒေတွေဖြစ် ရမယ်။ ပြဋ္ဌာန်းပြီးရင်လည်း ဥပ ဒေအထက်မှာ ဘယ်သူမှမရှိရ ဘူး။ ရေးဆွဲတဲ့သူတွေရော၊ အ ကောင်အထည်ဖော်တဲ့လူတွေ ရော အကုန်လုံးက ဥပဒေအတိုင်း ပဲ ဥပဒေနဲ့အညီ လိုက်နာကျင့်သုံး ဖို့လိုပါတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေဆိုင် ရာ သုတေသနအဖွဲ့ လေ့လာတွေ့ရှိချက်များအရ ယခင်အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုခံရမှု ခုနစ်မှုရှိပြီး ပြစ်ဒဏ်ချ မှတ်ခံရသူ ငါးဦးရှိကြောင်း သ တင်းရရှိသည်။

‘‘ဖြစ်သွားတဲ့ကိစ္စတွေမှာ အာမခံရတဲ့အမှုက ရတယ်။ မရ တဲ့အမှုက မရဘူး။ အဲဒီတော့ ဥပ ဒေစကားအရ ပြောရရင် သက် ဆိုင်ရာတရားစီရင်ရေးအဖွဲ့ရဲ့ ဆင်ခြင်တုံတရားနဲ့ တရားသူကြီး ရဲ့ ဆင်ခြင်တုံတရားတွေအပေါ် မှာ အာမခံပေးလို့ရတယ်လို့ ဆို ထားတာ’’ဟု အမျိုးသားလွှတ် တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက သုံးသပ်ပြော ကြားသည်။

အဆိုပါအစည်းအဝေးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့်ပတ်သက်၍ အာမခံရရှိ သော ပြင်ဆင်ရေးကိုသာ လုပ် ဆောင်ရန် သဘောတူညီခဲ့ကြသည်။ ‘‘ဆိုက်ဘာဥပဒေကို မ ပြဋ္ဌာန်းခင်မှာ ဒါကို ပြင်ဆင်ချက် အနေနဲ့ လုပ်ဖို့ပဲသဘောတူကြ တယ်’’ဟု ဆွေးနွေးပွဲတွင်ပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။


7Day News Journal

No comments:

Post a Comment