Latest News

Friday, February 17, 2017

YBS ယာဉ်များမှ စပယ်ယာများအား ကားမှတ်တိုင် တွင်သာ ထားသည့်စနစ် ပြောင်းလဲမည်ဟု ဦင်္းဖြိုးမင်းသိန်းပြော

YBS ယာဉ်များမှ စပယ်ယာများအား ကားမှတ်တိုင် တွင်သာ ထားသည့်စနစ် ပြောင်းလဲမည်ဟု ဦင်္းဖြိုးမင်းသိန်းပြော


ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသည့် YBS ယာဉ် အဆင့်မြှင်တင်မှုအား သုံးလတစ်ကြိမ် လုပ်ဆောင်မည်ဖြစ်ပြီး နောက်သုံးလပြောင်းလဲမည့် အစီအစဉ်တွင် YBS ယာဉ်များမှ စပယ်ယာများအား ကားမှတ်တိုင်တွင်သာ ထားသည့် စနစ် ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သည့် YBS သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်းက “အဲ့ဒီနောက်ထပ်သုံးလ အခုဧပြီအထိ သုံးလပြီး လို့ နောက်သုံးလမှာ ပြောင်းလဲမယ့်စနစ်မှာ တော့ စပယ်ယာ တော်တော် များကို ကားပေါ်ကချပြီး မှတ်တိုင်ကနေ ၀န်ဆောင်မှုပေးတဲ့ စနစ်ကို ပြောင်း လဲကျင်သုံးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်။ ကားပေါ်ကို စပယ်ယာ လိုက်သွားစရာ မလိုပါဘူး။ ကားပေါ် စနစ်တကျ တင်ပေးလိုက်ရုံပါပဲ။ ဒီလူ အထဲထဲဝင်အောင် တင်ပေးလိုက်ရုံပါပဲ။ တိုးကြိတ်ပြီး တက်နေစရာ မလိုပါဘူး။ အဲ့ဒီချိန်မှာ ဘတ်စ်ကားမှတ်တိုင်တွေ အဆင့်မြှင်တင်မှုက အဆင့်တစ်ဆင့် ရောက်လာမှာဖြစ်တယ်။ ဒီအခြေအနေမျိုးတွေ ပြောင်းလဲနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

၎င်းမှ ဆက်လက်ပြီး လက်ရှိ ပြေးဆွဲနေသည့် YBS ဘတ်စ်ကားများနှင့် ပတ်သက်ပြီး ပြည်သူများ၏ တိုင်းတန်းမှုများ ၊ ယာဉ်စည်းကမ်း မလိုက်နာမှုများကို အရေးယူ ဆောင်ရွက်ခြင်းများကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တွင် ယခင်က ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး- မထသ အား ဇန်န၀ါရီ ၁၅ ရက် ညပိုင်းက ဖျက်သိမ်းခဲ့သည်။ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြီးကြပ်သည့် Yangon Bus Service စနစ်အား စတင်ခဲ့ခြင်းဖြစ်သည်။

စိုင်းဟန်
The Ladies News  

No comments:

Post a Comment