Latest News

Saturday, February 18, 2017

အွန်လိုင်းရှော့ပင်းပုံအမိုက်စားများဖြင့် နာမည်ကြီးနေသော နန်းမွေစံနှင့် ၅မိနစ်တာ အင်တာဗျူး


မေး- FB မှာ နန်းမွေစံဆိုပြီး ပုံတွေကြောင့် နာမည်ကြီးတော့ ဘယ်လိုခံစားရသလဲ။ မကြိုက်ဘူး၊ ကြိုက်တယ် ဝေဖန်မဲ့သူတွေကို ဘာပြောချင်သလဲ။
ဖြေ- ကျွန်မပုံတွေနဲ့ပတ်သက်ပြီး မကြိုက်ဘူးလို့ ယူဆတဲ့သူတွေကိုတော့ ဘာမှပြောစရာ မရှိဘူး။ ကြိုက်တယ်ပြောတဲ့သူတွေကိုတော့ အားပေးတဲ့အပေါ် ကျေးဇူးတင်တယ်။ နောက်လည်း ဆက်ရိုက်သွားမယ်လို့ ပြောချင်တယ်။ ဒီလိုပုံစံမျိုးချည်းပဲ ရိုက်တာတော့လည်း မဟုတ်ပါဘူး။ မြန်မာဝတ်စုံနဲ့ မြန်မာဆန်ဆန်ရိုက်ထားတာတွေလည်း ရှိပါတယ်။ ဒီလိုပုံမျိုးက အမြဲတမ်းကြီးရိုက်နေတာတော့ မဟုတ်ဘူးလေ။
မေး- ဘယ်အချိန်ကတည်းက ပုံရိုက်ဖြစ်တာလဲ။
ဖြေ- ဘယ်လိုစရိုက်ဖြစ်သွားလဲဆိုတော့ အွန်လိုင်းရှော့ပင်းကြော်ငြာအတွက် စပွန်ဆာပေးတယ်။ ရိုက်ပေးပါ ဆိုပြီး ရိုက်ပေးလိုက်ရင်းနဲ့ ဆက်ရိုက်ဖြစ်နေတာပါ။
မေး- ဆရာဝန်ထက် ဓာတ်ပုံမော်ဒယ်ကို ပိုဝါသနာပါတာလား။
ဖြေ- ဆရာဝန်ထက် မော်ဒယ်လုပ်တာကိုတော့ ပိုဝါသနာပါတာပေါ့။ ဆရာဝန်ဆိုတာ ကိုယ်ရောစိတ်ရော ပင်ပန်းတယ်လေ။ အဲတော့ ၀ါသနာမပါဘူးပဲ ပြောရမှာပေါ့။ ဆရာဝန်လက် မှတ်ရှိပေမဲ့ ဆေးကုတဲ့အလုပ် မလုပ်ဖြစ်တော့ဘူး။
မေး- နာမည်အရင်းအတိုင်းပဲလား။ လိပ်စာဖော်ပြပေးနိုင်မလား။
ဖြေ- နန်းမွေစံဆိုတာ နာမည်အရင်းပါပဲ။ တိုင်းရင်းသားနာမည်လေ။ လိပ်စာက သုဝဏ္ဏမှာနေတာလေ။ ဒါပေမဲ့ ဆက်သွယ်မယ်ဆို ဖုန်းနံပါတ်ပေးမယ်လေ။ ကိုယ့်ကို အားပေးလို့ ဖုန်းဆက်လာရင်လည်း လက်ခံပြီး ပြောပေးမှာပါ။
မေး- လက်ရှိအချစ်ရေးကိုလည်း နည်းနည်းပြောပြပါ။
ဖြေ- နှလုံးသားရေးရာက အေးဆေးပါပဲ။
မေး- ခေတ်ရှေ့ရောက်နေတယ်လို့ ပြောတဲ့သူတွေကို ဘယ်လိုတုံ့ပြန်သွားမလဲ။
ဖြေ- သိပ်ပြီး ရှေ့ရောက်နေတယ်လို့ဝေဖန်ရင်တော့ အဲလိုမဟုတ်ဘူးထင်ပါတယ်။ နိုင်ငံတကာမှာတော့ ဒါတွေက မဆန်းတော့ဘူးလေ။ ဒီမှာသာ နောက်ကျနေတာ။ ဥပမာပြောရင် ကျွန်မသဘောကျတဲ့ ဂျပန်ကိုပဲကြည့်လေ။ သူတို့ဆီမှာလည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပဲလေ။ ကျွန်မလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတယ်လို့ပဲ ခံယူပါတယ်။ ကိုယ်က အိမ်ထောင်ရေးဖောက်ပြန်တာလည်း မဟုတ်ဘူး။ ပျက်စီးနေ တာလည်း မဟုတ်ဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်လုပ်နေတာပဲလေ။ အားပေးတဲ့သူတွေလည်း အများကြီး ရှိနေတာပဲလေ။ ဝေဖန်တဲ့သူတွေကိုတော့ ဘာမှမပြောလိုဘူး။
ကိုယ့်ကိုအားပေးကြတဲ့သူတွေ၊ ပရိသတ်တွေကို ပြောချင်တာက အခုလိုအားပေးကြတဲ့အတွက် ကျေးဇူးလည်း တင်တယ်။ မြန်မာဝတ်စုံနဲ့ ရိုက်တာကြိုက်ရင်လည်း မြန်မာဝတ်စုံနဲ့ ရိုက်ပေးမယ်။ အခုလိုပုံမျိုးတွေကို ကြိုက်တယ်ဆိုလည်း ဆက်ရိုက်ပေးမယ်လို့ပဲ ပြောချင်ပါတယ်။ ဆက်ပြီး အားပေးကြပါဦးလို့ ပြောပါရစေရှင်။
News Watch
https://www.youtube.com/watch?v=mvKUrDWZ914

No comments:

Post a Comment