Latest News

Saturday, February 18, 2017

မြောက်ကိုရီယား နိုင်ငံရဲ့ ကျောက်မီးသွေးတင်သွင်းမှုကို တရုတ် ပိတ်ပင်


တရုတ်နိုင်ငံ ဟာ မြောက်ကိုရီယားနိုင်ငံ ရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုအပေါ် ပိတ်ပင်မှုတွေပြုလုပ်လိုက်ပါတယ်။
တရုတ်နိုင်ငံ ဟာ မြောက်ကိုရီယားနိုင်ငံ ကနေ တရုတ်နိုင်ငံဆီတင် သွင်းနေတဲ့ ကျောက်မီသွေးတင်ပို့တာကို ဆိုင်းငံလိုက်တာဖြစ်ပါတယ်။
အခုပိတ်ပင် မှု ဟာ ၂၀၁၇ ခုနှစ် ကုန်ချိန်အထိ ဖြစ်တယ်လို့ တရုတ် ကုန်သွယ်ရေးဝန်ကြီး ကပြောပါတယ်။ တရုတ်နိုင်ငံ ဟာမြောက်ကိုရီယားနိုင်ငံ နဲ့ ရင်းနှီးမှု ရှိတဲ့ နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ က စီးပွားရေးပိတ်ပင်ချိန်မှာတောင်တရုတ်နိုင်ငံကလက်တွေ့အကောင်ထည်ဖော်အားနည်းခဲ့ပါတယ်။
ကျောက်မီးသွေးတင်ပို့မှု ဟာ မြောက်ကိုရီယား နိုင်ငံကိုအဓိက ၀င်ငွေရစေတဲ့ ကုန်ပစ္စည်းတွေက တစ်ခုဖြစ်ပြီးအခုလိုမျိုး ကျောက်မီးသွေးတင်ပို့ တာရပ်ဆိုင်းလိုက်တာ ဟာမြောက်ကိုရီယားနိုင်ငံအပေါ်ထိုးနှက်ချက်ဖြစ်လာစေပါတယ်။
 တရုတ်နိုင်ငံ ဟာမြောက်ကိုရီယား နိုင်ငံဆီကနေ ကျောက်မီးသွေးအများပြား ယူနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟာမြောက်ကိုရီယားနိုင်ငံဆီကနေ ဒေါ်လာ ၁ သန်းတန်ကြေးရှိ ကျောက်မီးသွေး သင်္ဘောနဲ့ တင်သွင်းမှု ကိုဆိုင်းငံလိုက်တာလို့ သတင်းတွေကဖော်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟာ ပြီးခဲ့တဲ့ရက်ပိုင်း မှာပဲ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး နဲ့တွေဆုံပြီး မြောက်ကိုရီယားနိုင်ငံအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှု ပြုလုပ်တာ ကို လက်တွေအကောင်ထည်ဖော်ဖို့ သဘောတူညီ ပြီး ရက်ပိုင်းအကြာမှာ အခု လိုပိတ်ပင်ခဲ့တာပါ၊
Ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment