ကြို့ထိုးခြင်းကို ပျောက်ကင်းစေမယ့်နည်း (၅) ခု
ကြို့ထိုးတာက အတော် ကသိကအောက်ဖြစ်ရတဲ့အရာပါ။ ဆက်တိုက်ဆိုသလို ကြို့ထိုးနေရင် အစားလည်းစားမရ၊ အိပ်လို့လည်းမရတော့ပါဘူး။ ပိုဆိုးတာက ရင်ဘတ်နဲ့ဗိုက်ပါ အောင့်လာရောလေ။
ကြို့ထိုးတာ ပျောက်စေမယ့်နည်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အချို
သကြား (သို့မဟုတ်) ချိုတဲ့အရာ တစ်ခုခုကို မျိုချလိုက်ပါ။ အချိုကြောင့် အစာရေမျိုပြွန်ယားယံမှု သက်သာသွားပြီး ကြို့ထိုးတာ ရပ်သွားပါလိမ့်မယ်။ အလွယ်ဆုံးကတော့ သကြားတစ်ဇွန်းလောက်မျိုချလိုက်ပါ။
၂။ အချဉ်
ချဉ်တဲ့အရည်တစ်ခုခုလောက် သောက်လိုက်ရင်လည်း သက်သာပါတယ်။ ဗီနီဂါ၊ သံပရာရည်တို့ကို တစ်ဇွန်းလောက်သောက်လို့ရပါတယ်။
၃။ အစပ်
အစပ်စားနိုင်တဲ့လူဆိုရင် စပ်တာလေးနည်းနည်းလောက် စားကြည့်ပါ။ ကြို့ထိုးနေတာကို အာရုံစိုက်ရမယ့်အစား ဦးနှောက်က အစပ်ကို ပိုပြီးအာရုံရောက်သွားလို့ ကြို့ထိုးတာ ရပ်သွားရောလေ။
၎။ ပျားရည်
ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းကို ရေနွေးထဲထည့်မွှေပါ။ ပြီးရင် လျှာနောက်ဘက်ကိုတင်ပြီး မျိုချကြည့်ပါ။ ဒီနည်းနဲ့လည်း ကြို့ထိုးတာ ပျောက်ပါတယ်။
၅။ အိတ်တစ်လုံး
အလုံပိတ်ထားတဲ့အိတ်မှာ ပါးစပ်နဲ့နှာခေါင်းကိုအပ်ထားပါ။ အိတ်ထဲမှာပဲ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ်လုပ်ပါ။ အရမ်းအသက်ရှုကြပ်လာရင်တော့ ရပ်လိုက်ရမှာဖြစ်ပါတယ်။ ဒီလိုအသက်ရှုခြင်းဟာ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုက် (carbon dioxide) ပမာဏကို တိုးစေပြီး ရင်ဝမ်းခြားကြွက်သားကို အောက်ဆီဂျင် ပိုရသွားစေပါတယ်။ ဒါဆိုရင် ကြို့ထိုးတာ ပျောက်သွားမှာပါ။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment