ကမ္ဘာတစ်ဝန်းက ထူးထူးဆန်းဆန်း ဥပဒေသများ
ခွေးနဲ့လက်ထပ်ခြင်း
အိန္ဒိယနိုင်ငံမှာ တိရစ္ဆာန်နဲ့ လက်ထပ်ထိမ်းမြားတာကို ဥပဒေအရ ခွင့်ပြုထားပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကဆိုရင် နယူးဒေလီမြို့သားတစ်ဦးဟာ ခွေးတစ်ကောင်နဲ့တောင် လက်ထပ်ဖူးလို့ ဟိုးလေးတကျော် ဖြစ်ခဲ့ရပါသေးတယ်။ ယင်းအမျိုးသားဟာ ငယ်ရွယ်စဉ်မှာ ခွေးနှစ်ကောင်ကို သတ်ခဲ့မိပြီးနောက် တောက်လျှောက်ဖျားနာခဲ့ပါတယ်။ သူ့လုပ်ရပ်အတွက် ပြစ်ဒဏ်ကျေဖို့ ခွေးတစ်ကောင်နဲ့ လက်ထပ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ အိန္ဒယအမျိုးသမီးအချို့ ခွေးနဲ့လက်ထပ်ပွဲတွေကိုလည်း သတင်းတွေမှာ တွေ့လာရပြန်ပါတယ်။
အဝတ်ဗလာနဲ့လမ်းလျှောက်ခြင်း
လူမြင်ကွင်းမှာ အဝတ်မပါဘဲ လျှောက်သွားနေခြင်းက ကမ်းခြေတွေကလွဲရင် ဘယ်နိုင်ငံမှာမှ ခွင့်မပြုပါဘူး။ ဒါပေမဲ့ ခွင့်မပြုတဲ့နိုင်ငံထဲမှာ စပိန်ကတော့ မပါပါဘူး။ ပြောင်းလဲလို့မရတဲ့လူ့အခွင့်အရေးဖြစ်လို့ လူမြင်ကွင်းမှာ အဝတ်ဗလာနဲ့ လျှောက်သွားလည်း မဖမ်းပါဘူးတဲ့။
သေနတ်ကိုင်ဆောင်ခွင့်
လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ သေနတ်ကို အရပ်သားတွေ ကိုင်ဆောင်လို့ရတာဆိုလို့ အမေရိကန်ပြည်ထောင်စုသာ ရှိပါတယ်။ မိမိအိမ်ကို ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုင်ဆောင်ထားခွင့်ကို ၁၉၈၆ ခုနှစ်မှာ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်အငယ်စားတွေကိုသာ ကိုင်ခွင့်ပေးထားတာပါ။ အရပ်သားတွေဟာ သေနတ်ဆိုင်တွေမှာ တရားဝင်ဝယ်ယူခွင့်လည်း ရှိပါတယ်။
Source : Daily Mail
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment