Latest News

Saturday, February 11, 2017

ပြည်ပ အ၀ယ်များလာ၍ ပြည်တွင်းဆန်ဈေး အနည်းငယ် မြင့်တက်

ပြည်ပ အ၀ယ်များလာ၍ ပြည်တွင်းဆန်ဈေး အနည်းငယ် မြင့်တက်

ပြည်ပ တင်ပို့ရန် ဈေးကွက်အတွင်းမှ ဆန်အ၀ယ်များခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သတင်းရရှိသည်။

အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့က ဆန်အ၀ယ်များလာ ခြင်းကြောင့် ကုန်သည်များက ဈေး ကွက်အတွင်းရှိ ဆန်များကို ၀ယ် ယူသဖြင့် ပြည်တွင်း ဆန်ကြမ်း ဈေးမှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းကြား မြင့်တက်လာသည်ဟု ဆန် ကုန်သည်များက ပြောသည်။

ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်းဈေးသည် ဖေဖော်ဝါရီ လဆန်းရက်များက တစ်အိတ် လျှင် ကျပ် ၁၆,၀၀၀ ခန့်ရှိခဲ့သော ၂၅ မှတ်ဆန်အမျိုးအစားသည် လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၁၇,၀၀၀ ခန့်သို့ မြင့်တက်လာ သည်ဟု ဆိုသည်။

 အာဖရိက၊  သီရိလင်္ကာ  သော နိုင်ငံများသို့ ဆန်တင်ပို့ရန် အ၀ယ်များလာခြင်း၊ မူဆယ်-ရန်ကုန်သယ်ယူပို့ဆောင်စရိတ် ကျဆင်းလာခြင်း၊  မူဆယ်မြို့ သို့ ဆန်တင်ပို့မှုများလာခြင်းတို့ ကြောင့် ပြည်တွင်းဆန်ကြမ်းဈေး မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆန်ကုန်သည်များက ရှင်းပြသည်။‘‘ဆန်ဈေးက ဒီကာလမှာ တက်လိုက်ကျလိုက်နဲ့ မငြိမ်ဘူး။ နွေစပါးမပေါ်ခင်အထိ ဈေးက မာနေဦးမယ် ထင်တယ်’’ဟု မြန် မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးနေလင်းဇင်က ပြောသည်။

လက်ရှိပြည်ပသို့ ဆန်တင်ပို့ မှုအခြေအနေသည် အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်း ကြောင့် နိုင်ငံတကာ ဈေးကွက် တွင် မြန်မာဆန်ဈေးကို တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၀၀ အောက်လျှော့ချရောင်းနိုင်သဖြင့် အာဖရိကနိုင်ငံများက မြန်မာဆန် ကို ပြန်လည်ဝယ်ယူလာသည်ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။ ထို့အပြင် သီရိလင်္ကာနိုင်ငံ သို့ ဆန်ရောင်းချမည့်အစီအစဉ် ကလည်း ယခုလအတွင်း စတင် အကောင်အထည်ဖော်လာပြီး ပုဂ္ဂလိကကဏ္ဍမှ ဆန်တန်ချိန် သုံး သောင်းခန့်ရောင်းချရန် စီစဉ်နေ သည်ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Sources : 7Day News Journal

No comments:

Post a Comment