Latest News

Saturday, February 11, 2017

ဖောက်ခွဲရေးသတင်းများကြောင့် မွန်ပြည်နယ်တွင် မြို့အ၀င် အထွက်နှင့် တံတားများ၌ လုံခြုံရေးတိုးမြှင့်

ဖောက်ခွဲရေးသတင်းများကြောင့် မွန်ပြည်နယ်တွင် မြို့အ၀င် အထွက်နှင့် တံတားများ၌ လုံခြုံရေးတိုးမြှင့်



မွန်ပြည်နယ်တွင် ဖောက်ခွဲရေးသတင်းများကြောင့် အရေးကြီးသည့် လမ်းတံတား ၁၄ နေရာကို လုံခြုံရေးတိုးမြှင့်ထား ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။

လုံခြုံရေးတိုးမြှင့်ထားသည့် နေရာများသည် မော်လမြိုင်သံလွင် တံတား၊ ဟင်္သာအ၀ိုင်း၊ ရိုးဂိုး ဘုရားလမ်း၊ ကျိုက်မရောမြို့ရှိ ဂျိုင်း-ဇာသပြင်တံတား၊ ချောင်း နှစ်ခွလမ်း၊ မုဒုံမြို့ သာယာကုန်း၊ သံဖြူဇရပ်မြို့ ဖောင်စိန်လမ်း၊ ရေးတံတားကြီး၊ ကျိုက်ထိုစစ်တောင်း တံတားအသစ်၊ အဟောင်းလမ်း ဆုံ၊ ကျိုက်ထိုမြို့နယ် တောင်ကြီး စုရပ်ကွက်၊ ဘီးလင်းမြို့နယ်သံ လွင်တိုးဂိတ်၊ သထုံမြို့နယ် ပင်ဂူ တိုးဂိတ်၊ ကြာပန်း တိုးဂိတ်နှင့် မုတ္တမတံတား စုစုပေါင်း ၁၄ နေရာကို တိုးမြှင့်ထားခြင်း ဖြစ်သည်။

‘‘ဖောက်ခွဲရေးသတင်းတွေ ကြောင့် လုံခြုံရေးတိုးမြှင့်ထားတာ ပါ။ လုံခြုံရေးယူထားတဲ့နေရာမှာ အရာရှိတစ်ဦးနဲ့ ရဲတပ်ကြပ်၊ ရဲ တပ်သား စုစုပေါင်း ငါးဦးထားရှိ တယ်။ ၂၄ နာရီလုံး တံတားထိပ် တွေမှာ လုံခြုံရေးယူထားတယ်။ ယာဉ်တွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ၊ စစ်ဆေးမှုတွေလုပ်တယ်။ ဖောက် ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေ ကို အဓိကထားပြီး စစ်ဆေးတယ်။ ဒီနေ့အထိတော့ ဘာမှ မတွေ့ ထားပါဘူး’’ဟု မွန်ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောသည်။

လုံခြုံရေး တိုးမြှင့်ထားမှုကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ စီမံ ချက်ဖြင့် ဇန်န၀ါရီ ၂၅ ရက်က စတင်လုပ်ဆောင်နေပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း ၍ ရှာဖွေရေးလုပ်ငန်းများပြုလုပ် လျက်ရှိသည်။

အဆိုပါလုံခြုံရေးအစီအစဉ် ကို ကြားဖြတ်ရွေးကောက်ပွဲပြု လုပ်သည့် ဧပြီ ၁ ရက်အထိ တိုး မြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း ဒုရဲမှူးကြီး ခင်မောင်စိုးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲပြု လုပ်သည့်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံ (သံလွင်တံတား)  ၌ လည်း လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ထားပြီး ရွေးကောက်ပွဲကျင်းပမည့် ချောင်းဆုံမြို့နယ်တွင် မဲရုံ ၆၂ ရုံအတွက် လုံခြုံရေး အင်အားများ သတ်မှတ်ထားပြီး ဖြစ်ကြောင်းဒုရဲမှူးကြီး ခင်မောင်စိုးထံမှ သိရ သည်။


Sources : 7Day News Journal

No comments:

Post a Comment