Latest News

Saturday, February 18, 2017

၂၀၀၂ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ဒီလိုဆံပင်ပုံစံ ညှပ်ခဲ့ရခြင်း အကြောင်းရင်း

၂၀၀၂ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ဒီလိုဆံပင်ပုံစံ ညှပ်ခဲ့ရခြင်း အကြောင်းရင်း

ရော်နယ်ဒို ဘာကြောင့် ဒီလိုဆံပင်ပုံစံ ညှပ်ခဲ့ရတယ် ထင်ပါသလဲ။


၂၀၀၂ ခုနှစ်တုန်းက  ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးရှင် ရော်နယ်ဒိုဟာ ဘာကြောင့် ဒီဆံပင်ပုံစံ
ညှပ်ခဲ့သလဲဆိုတဲ့အဖြေထွက်လာခဲ့ပြီဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အဲဒီကမ္ဘာဖလား မတိုင်ခင် ၁၉၉၈ ခုနှစ်ပြင်သစ်ကမ္ဘာ့ဖလားမှာကတည်းက နာမည်ရလာခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဘရာဇီးအသင်းနဲ့အတူ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ပြင်သစ်ကို ရှုံးပြီး ချန်ပီယံဖြစ်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ကိုရီးယား၊ ဂျပန်ပူးတွဲကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ရော်နယ်ဒိုဟာ ဘာကြောင့် ဦးစွန်းဘုတ် ဆံပင်ပုံစံကို ညှပ်လာရသလဲဆိုတာ အခုတော့ သူကိုယ်တိုင် ရှင်းပြလိုက်ပြီဖြစ်ပါတယ်။


" ကျွန်တော်အဲဒီတုန်းက ပေါင်ခြံဒဏ်ရာ ရနေခဲ့တာလေ။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော့်ဒဏ်ရာအကြောင်း ခဏခဏ ပြောနေကြတာ။ အဲဒါနဲ့ပဲ ကျွန်တော်ဒီဆံပင်ပုံစံ ထညှပ်လိုက်တာပဲ။ ကျွန်တော်ဒီဆံပင်ပုံစံနဲ့ လေ့ကျင့်ရေးကွင်းလည်း ရောက်လာရော ဘယ်သူမှ ကျွန်တော့်ဒဏ်ရာအကြောင်းမပြောကြတော့ဘူး" လို့ အင်တာမီလန်တိုက်စစ်မှူးဟောင်းလည်း ဖြစ်တဲ့ ရော်နယ်ဒိုက ရှင်းပြခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းဟာ ဂျာမနီ အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုကပဲ နှစ်ဂိုးလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။
play

ရော်နယ်ဒိုရဲ့ ဘရာဇီးအသင်းဟာ ဗိုလ်လုပွဲမတိုင်ခင် ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းကို ၂-၁ ဂိုး၊ ဆီမီးဖိုင်နယ်မှာ တူရကီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်ကကစားခဲ့သူဖြစ်ပါတယ်။ ကလပ်အသင်းကစားသမားဘဝ စုစုပေါင်းသွင်းဂိုးဟာ ၂၄၇ ဂိုးအထိ ရှိခဲ့ပါတယ်။


Source : SB : Duwun

ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံကို သင်ရောဘယ်လိုထင်လဲ»

မကြိုက်ဘူး
ကြိုက်တယ်
Vote

No comments:

Post a Comment