Latest News

Saturday, February 18, 2017

လူပျိုကြီးတွေကို သတို့သားအရံအဖြစ် ပွဲထုတ်တဲ့ မြင့်မြတ်ရဲ့ မင်္ဂလာပွဲ

လူပျိုကြီးတွေကို သတို့သားအရံအဖြစ် ပွဲထုတ်တဲ့ မြင့်မြတ်ရဲ့ မင်္ဂလာပွဲ

သရုပ်ဆောင် မြင့်မြတ် ၏ မင်္ဂလာဧည့်ခံပွဲတွင် သရုပ် ဆောင် လူပျိုကြီးများကို သတို့ သားအရံများအဖြစ် ပွဲထုတ်ခဲ့ သည်။ သရုပ်ဆောင်မြင့်မြတ်နှင့် မခင်သူအောင်တို့၏ မင်္ဂလာဧည့် ခံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်က နိုဗိုတယ် ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး သတို့သား အရံများအဖြစ် သရုပ်ဆောင် ရာဇာနေဝင်းနှင့် ခန့်စည်သူတို့က ဆောင်ရွက်ခဲ့သည်။

‘‘မြင့်မြတ်က ကိုယ့်ရဲဘော် ရဲဘက်ကြီးဆိုတော့လည်း မဖြစ် မနေလုပ်ပေးရမယ့် ဝတ္တရားရှိ တယ်လေ။ အရင်ကလည်း (သတို့သားအရံ) လုပ်လေ့လုပ်ထမရှိ ဘူး။ မြင့်မြတ်ဆိုတော့ ကိုယ့်ညီ လိုဖြစ်နေလို့ ကူညီပေးတာ’’ဟု သတို့သားအရံအဖြစ် ဆောင်ရွက် ခဲ့သည့် ခန့်စည်သူက ပြောသည်။

မင်္ဂလာဧည့်ခံပွဲတွင် သတို့ သမီးအရံများအဖြစ် အနုပညာပျိုး ခင်း၏ စင်တင်မင်းသမီးများဖြစ် သော ယုသန္တာတင်နှင့် ရွှေသမီး တို့က ဆောင်ရွက်ခဲ့ပြီး ဖွေးဖွေး က မင်္ဂလာပန်းကြဲခဲ့ကာ အိချောပိုက မင်္ဂလာပန်းကုံးဗန်းနှင့် ပိုင်ဖြိုးသု က မင်္ဂလာလက်စွပ် ဗန်းတို့ကို သယ်ဆောင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြင့် မြတ်၏ အနုပညာမောင်နှမများ အပါအဝင် နှစ်ဖက်မိဘဆွေမျိုး များ စုံစုံညီညီ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။  မင်္ဂလာမောင်နှံအား ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနှင့်ဇနီး ဒေါ်ခင်စံပယ်ဦးက မင်္ဂလာပန်းကုံးဆင်မြန်းပေးခဲ့ပြီး သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက မင်္ဂလာလက်စွပ် ဆင်မြန်းပေးခဲ့သည်။

မြင့်မြတ်နှင့် မခင်သူအောင် တို့သည် ချစ်သူသက်တမ်း ငါးနှစ် အကြာတွင် မင်္ဂလာပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် မင်္ဂလာညစာစားပွဲနှင့် ဖေဖော် ဝါရီ ၂၂ ရက်တွင် သတို့သမီး၏ ဇာတိ မန္တလေးမြို့၌ မင်္ဂလာပွဲ ထပ်မံပြုလုပ်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment