၁၀ တန်းကျောင်းသားကို လိင်အကြမ်းဖက်တယ်ဆိုပြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းအုပ် ဆရာကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး တော့မှာလား
မြောင်းမြ၊ ဖေဖော်ဝါရီ(၁၈)ရက်။
မြောင်းမြမြို့နယ်၊ က၀က်ကျေးရွာက အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်သည် ၁၀ တန်း ဖြေဆိုမယ့် ကျောင်းသားတစ်ဦးကို ဓမ္မတာနဲ့ဆန့်ကျင်သော ကာမ စပ်ယှက်မှု ပြုလုပ်ခဲ့တယ် ဆိုပြီး အမှုဖွင့်ခံထား ရသဖြင့် ဖမ်းဆီးစစ်ဆေးခွင့်ပြုဖို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အကြောင်းကြားလာခဲ့တဲ့ အပေါ်ဧရာဝတီတိုင်းပညာရေးမှုးရုံးက ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ကျောင်းသားအား ၂၀၁၆ ခုနှစ် မတ်လ အတွင်းက ဌင်းတည်းခိုရာ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာပင် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ မြောင်းမြမြို့မရဲစခန်းတွင် အမှုဖွင့် ခံထားရသည့် ဦးအောင်အောင်အား ကျူးလွန်ခံရသည်ဟုဆိုသည့် ကျောင်းသားနှင့် ဆရာ ၂ ဦးက မြောင်းမြမြို့မ ရဲစခန်းမှာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က အမှုဖွင့်တိုင်ကြား ခဲ့တာပါ။
ဒါကိုပညာရေးဌာန အနေနဲ့လည်း မြောင်းမြခရိုင်ပညာရေးမှူး၊ မြောင်းမြမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ညွန်ကြားရေးမှူးတစ်ဦးပါ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဖေဖော်ဝါရီ ၁၆ ရက်၊၁၇ ရက်နေ့တွေမှာ စစ်ဆေးခဲ့ပြီး မြောင်းမြမြို့မ ရဲစခန်းကနေ အကြောင်းကြားလာမှုအပေါ် ဖမ်းဆီးစစ်ဆေးရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှုး ဦးညွန့်စိုးက ပြောပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်ကို ပညာရေးဌာနကနေ ဓမ္မတာ နှင့်ဆန့်ကျင်သော ခြိမ်းခြောက် ကာမ ရယူခဲ့တာအပြင် တခြားတိုင်ကြားခံရတဲ့ ကျောင်းသားတွေဆီမှာ ငွေကြေး ကောက်ခံတာနဲ့ ထောက်ပံ့ကြေးငွေတွေကို အလွဲသုံးစားပြုလုပ်ခဲ့တာတွေ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ ကိုလည်း ဌာနတွင်း စစ်ဆေးနေ တာဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံး ကနေသိရပါတယ်။
ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ ကဝက်ကျေးရွာ အထက်တန်းကျောင်းအုပ် ဆရာကြီးကို မြောင်းမြမြို့မရဲစခန်းမှ (ပ)၇၈/၂၀၁၇ ပုဒ်မ၃၇၇ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားလိုအပါဝင် သက်သေ ၄ ဦးကို စစ်ဆေးထားပြီး အခြားသက်သေများ စစ်ဆေးရန်လိုအပ်နေ သေးတဲ့အတွက် ကျောင်းအုပ်ဆရာကြီးကို ဖမ်းဆီးစစ်ဆေးတာတွေ မလုပ်သေးဘူးလို့ မြောင်းမြမြို့မရဲစခန်းမှုး ဒုရဲမှုးအေးမင်းသိန်း ထံကသိရပါတယ်။
Sources & Photo The Ayeyarwaddy Times
Saturday, February 18, 2017
၁၀ တန်းကျောင်းသားကို လိင်အကြမ်းဖက်တယ်ဆိုပြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းအုပ် ဆရာကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး တော့မှာလား
၁၀ တန်းကျောင်းသားကို လိင်အကြမ်းဖက်တယ်ဆိုပြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းအုပ် ဆရာကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး တော့မှာလား
Reviewed by Ar Ti
on
8:10 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment