Latest News

Sunday, February 12, 2017

ကင်ဆာရောဂါကို ကျော်ဖြတ်နိုင်သူများအတွက် အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုအကျိုးရှိ

ကင်ဆာရောဂါကို ကျော်ဖြတ်နိုင်သူများအတွက် အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုအကျိုးရှိ


အွန်လိုင်းနှင့် ဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းသည် ကင်ဆာရောဂါကို ကျော်လွှားနိုင်သူများအတွက် အ ကျိုးများသည်ဟု ဗြိတိသျှသုတေသီများကပြောသည်။

ယခု လေ့လာမှုတွင် Telehealth ဟု ခေါ်သော အွန်လိုင်းနှင့် ဖုန်းကျန်းမာရေး အဆက်အသွယ်များနှင့်ပတ်သက်၍ ကင်ဆာ ရောဂါကို ကျော်လွှားနိုင်ခဲ့သူများ၏ အတွေ့အကြုံအပေါ် ယခင်က သုတေသနများ လေ့လာခဲ့ကြသည်။


ထိုသုံးသပ်မှုအရ လူနာများသည် ထိုကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှု နည်းလမ်း၏ အလျှော့အတင်းပြောင်းလွယ်ပြင်လွယ်ရှိမှု၊ ၎င်းတို့၏နေ့စဉ်ဘ၀ အနှောင့်အယှက်နည်းပါးမှုတို့ကို သဘောကျ နှစ်ခြိုက်ကြကြောင်း သုတေသီများက ပြောသည်။

မည်သူမည်ဝါမှန်းမသိဆိုသော အနေအထားမှာ လူနာများ၏ ဒုက္ခသည်များဖြစ်နေသည်ဆိုသော ခံစားချက်ကို လျော့ပါးစေသော ဆရာဝန်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရခြင်းထက် ၎င်းတို့၏စိုးရိမ်မှု များကို ထုတ်ပြောရန် ပို၍သက်သောင့်သက်သာရှိစေသည်ဟု သု တေသီများက တွေ့ရှိခဲ့သည်။

Telehealth စနစ်အသုံးပြုသော လူနာများ၏ အခက်အခဲများ ကမူ ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုများကို လူကိုယ်တိုင် တွေ့ခွင့်မသာခြင်းဖြစ်ပြီး အချို့လူနာများတွင်လည်း အကြားအာရုံ ပြဿနာရှိခြင်းနှင့် ကွန်ပျူတာမကျွမ်းကျင်ခြင်းကြောင့် ယင်းစနစ် ကို အသုံးမပြုနိုင်ဟု ပြောကြားသည်။

ကင်ဆာရောဂါကို ရှင်သန်လွန်မြောက်ခဲ့သူများသည် နေ့စဉ် ပုံမှန်လှုပ်ရှားသွားလာမှု အမြန်ဆုံး ပြန်လည်လုပ်လိုကြပြီး Telehealth စနစ်ကြောင့် ကရိကထများသော ဆေးရုံသို့သွားရခြင်းမျိုး ရှောင်ရှားနိုင်ပြီး နေ့စဉ်လုပ်ငန်းများတွင် စောင့်ရှောက်မှုပါ ထည့် သွင်းနိုင်သည်ဟု သုတေသနက တွေ့ရှိခဲ့သည်။

ယင်းစနစ်ကြောင့် လူနာများ အမှီအခိုကင်းမှု၊ ထပ်မံအာမခံ ချက်ရရှိမှုကိုလည်း ခံစားရသည်ဟု သုတေသနကဖော်ပြသည်။

—Ref: UPI

Sources : 7Day News Journal

No comments:

Post a Comment