နောက်လအတွင်း စတင်ရောင်းချမယ့် ကမ္ဘာ့ပထမဦးဆုံး မျက်မမြင် စမတ်နာရီ
၂၀၁၄ ခုနှစ်ကတည်းက တောင်ကိုရီးယားကုမ္ပဏီ Dot ဟာ မျက်မမြင်စာ အသုံးပြု Dot စမတ်နာရီကို အဆင့်မြင့်ပြောင်းလဲ လုပ်ဆောင်ခဲ့တာပါ။ အဲဒီနာရီဟာ သပ်ရပ်ပြီး ခေတ်ရှေ့ပြေးတဲ့ အဖြူရောင်မျက်နှာပြင်နဲ့ ဝင့်ကြွားလို့နေပြီး အလွန်သေးငယ်တဲ့ သက်ဝင်လှုပ်ရှားတဲ့ အစိတ်အပိုင်း ၆ ခုပါ အကွက် ၄ခု ပါရှိပါတယ်။ သူ့ရဲ့ ရိုးရှင်းပြီး ရှုပ်ထွေးမှုကင်းတဲ့ ဒီဇိုင်းအပြင်အဆင်ဟာ Apple ရဲ့ minimalism mantra ကနေ အကြံရယူခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနာရီရဲ့ မျက်နှာပြင်ပိုင်းမှာတော့ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ အဆက်မပြတ် ထိတွေ့ကိုင်တွယ်တဲ့အခါ သက်ဝင်လှုပ်ရှားနေတဲ့ ဖောင်းကြွလေးတွေ ကြာကြာမခံခဲ့ပါဘူး။ အဲဒီပြသနာတွေ အခုတော့ ဖြေရှင်းခဲ့ပြီးဖြစ်ပြီး အဆိုပါနာရီဟာ လာမယ့်မတ်လကစတင်ကာ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်တယ်လို့ Dot က အခိုင်အမာပြောဆိုခဲ့ပါတယ်။ အနည်းဆုံး ၇ရက်မကခံတဲ့ ဘက်ထရီအသုံးပြုထားတဲ့အတွက် အဲဒီစမတ်ဖုန်းကို $290 (₤230) နဲ့ လက်လီရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
Dot တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ Eric Ju Yoon Kim အနေဖြင့် ဒီနှစ်အတွင်း နာရီ အလုံး ၁၀၀,၀၀၀ ရနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဝယ်ဖို့မျှော်မှန်းထားတဲ့လူ အယောက် ၁၄၀,၀၀၀ ထိရှိတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
Kim အနေနဲ့ Dot ကနေ မျက်မမြင်သုံးပစ္စည်းကိရိယာတွေကို Dot စမတ်နာရီကစ Dot Mini ၊ မျက်မမြင် စာဖတ်ကိရိယာအထိ တိုးချဲ့ထုတ်လုပ်ပြီး $200 သို့မဟုတ် ထိုထက်လျော့နည်းတဲ့ ဈေးနှုန်းဖြင့် လက်လီရောင်းချဖို့ စီစဉ်ထားပါတယ်။Google နဲ့ ပူးတွဲဆောင်ရွက်မယ့် နောက်ပရောဂျက်တစ်ခုကတော့ Dot Pad ခေါ် e-readerဖြစ်ပြီး အဲ့ဒါကလည်း အောင်မြင်မှုရရှိနိုင်ဖွယ် ရှိနေပါတယ်။
Ref: Mirror
Trend Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment