Latest News

Monday, February 27, 2017

ဦးကိုနီနဲ့ ဦးနေ၀င်း ကွယ်လွန်ခြင်း တစ်လပြည့်အထိမ်းအမှတ်

ဦးကိုနီနဲ့ ဦးနေ၀င်း ကွယ်လွန်ခြင်း တစ်လပြည့်အထိမ်းအမှတ်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းတို့ ကွယ်လွန်တဲ့ တစ်လပြည့် အထိမ်းအမှတ်နဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန် လေဆိပ်မှာ ဒီနေ့ညနေက ကျင်းပခဲ့ပါတယ်။
 
အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ပြည်သူတွေက လုံးဝလက်မခံကြောင်း ပြသတဲ့ အနေနဲ့ ကျင်းပတာဖြစ်တယ်လို့ အကြမ်းဖက်မှုဆန့်ကျင်ရေး အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုဂျင်မီ က ပြောပါတယ်။

အခမ်းအနားမှာ ဦးကိုနီနဲ့ ဦးနေဝင်းတို့ သေဆုံးသွားတဲ့ နေရာတွေမှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နှင်းဆီပန်းတွေ ချခဲ့ကြပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံရေးပါတီတွေ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ ဦးကိုနီ နဲ့ ဦးနေ၀င်း မိသားစုဝင်တွေ၊ လေဆိပ် အငှားယာဉ်မောင်းတွေ တက်ရောက်ခဲ့ပါတယ်။

Photo: Kyaw Zawe Win/ RFA

( ဦးကိုနီနဲ့ ဦးနေ၀င်း ကွယ်လွန်ခြင်း တစ်လပြည့်အထိမ်းအမှတ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန် လေဆိပ်မှာကျင်းပစဉ် )

No comments:

Post a Comment