Latest News

Thursday, February 9, 2017

နာဂတိုင်းရင်းသားတို့နှင့် နံရံတစ်ဘက်ခြား

နာဂတိုင်းရင်းသားတို့နှင့်  နံရံတစ်ဘက်ခြား


မြင့်နောင်မိုး

မြန်မာနှင့် အိန္ဒိယနိုင်ငံအကြားရှိ နယ်စပ်ဒေသမှာ တောင်ထူ ထပ်သော ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသလည်း ဖြစ်သည်။ ယခုအခါ နယ်စပ်ဒေသတစ်လျှောက် လုံ ခြုံရေးစည်းရိုးသစ် ကာရံလိုက်ခြင်းက ထိုအရပ်ဒေသရှိ နာဂတိုင်း ရင်းသားတို့အတွက် နေရထိုင်ရ ကျဉ်းကျပ်သွားသလို ဖြစ်ကြရသည်။ အမျိုးသားလုံခြုံရေးဟူ၍ဆိုကာ မြန်မာအာဏာပိုင်တို့က နယ်စပ် တံတိုင်းစည်းရိုးကို တည်ဆောက်ကာရံနေခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံ နှစ်ဖက်နယ်စပ်အဖြစ် ကာလရှည်ကြာ အသုံးပြုနေသော နာဂတိုင်းရင်းသားတို့အတွက်ကတော့ မိသားစုချင်း၊ ဆွေမျိုးအသိုင်း အဝိုင်းချင်း ခွဲခြားခံလိုက်ရမည့်အနေအထားသို့ ရောက်ရှိမည့်အရေး နှင့် ရင်ဆိုင်နေရပါသည်။

မြန်မာနိုင်ငံ၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဟု ခေါ်ဆို သည့် နေရာဒေသတွင် နယ်စပ်စည်းရိုးကို ကာရံသွားမည်ဟု ဇန်နဝါ ရီလ အစောပိုင်းက အစိုးရက ဦးစွာ ထုတ်ဖော်ကြေညာခဲ့ပြီး နောက် ပိုင်း တစ်ဆက်တည်းဆိုသလို သတင်းမီဒီယာတို့တွင် တရားဝင်ထုတ် ပြန်ကြေညာခဲ့သည်။ နယ်စပ်စည်းရိုးကာရံရခြင်းမှာ နိုင်ငံ၏ ဝေးလံ ခေါင်သီသော ဖွံ့ဖြိုးမှုနိမ့်ကျပြီး အထီးတည်းရှိနေသည့် နေရာဒေသ တွင် ဒေသခံအာဏာပိုင်တို့က နယ်စပ်ရေးရာ ပြဿနာများကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက်ဟု ဖော်ပြခဲ့သည်။

နယ်စပ်စည်းရိုးကာရံသည့် နောက်ထပ်ရည်ရွယ်ချက်မှာ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်တွင် အခြေစိုက်၍ မကြာခဏဆို သလို အစိုးရတပ်များကို တိုက်ခိုက်မှုပြုနေသည့် နာဂသောင်းကျန်း သူတို့နှင့်ပတ်သက်ကာ ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ ၏ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာ့တပ်မတော်က ချုပ်ကိုင်ထားသည့် ဝန်ကြီးဌာနသုံးခုအနက်မှ တစ်ခုဖြစ်ပြီး နိုင်ငံလုံခြုံရေးကို တာဝန်ယူထားသည့် ဝန်ကြီးဌာနလည်း ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် သောင်းကျန်းသူတို့သည် မြန်မာနိုင်ငံ မှ နေ၍ အိန္ဒိယနိုင်ငံအတွင်းအထိ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ် ရာ အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေ လျက် ရှိသည်။ ၂ဝ၁၅ ခုနှစ်က နယ်စပ်ဒေသတွင် အိန္ဒိယစစ်သား ၁၈ ဦးကို နာဂသူပုန်တို့က တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ နာဂသူပုန်တို့ကို တိုက်ခိုက်မှုပြုခဲ့သည်။

လွန်ခဲ့သည့်နှစ်ကမူ အိန္ဒိယစစ်တပ်နှင့် နာဂသူပုန်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို ထောက် ခံအားပေးကာ နယ်စပ်တစ်လျှောက်ရှိ နာဂသောင်းကျန်းသူ စခန်း တစ်ခုကို တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသောဒေ သမှာ ကာလရှည်ကြာ လက်နက်ကိုင်ပုန်ကန်ရာ နေရာဒေသတစ်ခု ဖြစ်ပြီး ၁၉၅ဝ နှစ်လယ်လောက်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ရှိ နာဂတိုင်းရင်းသား မျိုးနွယ်စုတို့အတွင်း ပုန်ကန်မှု များ ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း ပုန်ကန်ထြ<ွကသည့် သူပုန်တို့က လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ ၁၉၇ဝ ခုနှစ်အတွင်း နာဂ သူပုန်တို့ကို အိန္ဒိယနိုင်ငံနယ်နိမိတ်မှ မောင်းထုတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ တောင်ထူထပ်သောဒေသအနီးတွင် အခြေစိုက်ခိုလှုံ ခဲ့ကြသည်။

၁၉၈၈ ခုနှစ်အတွင်း ပင်မနာဂသူပုန်အုပ်စုမှနေ၍ နာဂအမျိုး သား ဆိုရှယ်လစ်ကောင်စီ-ကပလန်(NSCN-K)အုပ်စုက ခွဲထွက် လာခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် NSCN-K သည် အိန္ဒိယနှင့် အပစ် အခတ် ရပ်စဲမှုကို အဆုံးသတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုး မှုကို ချိန်ညှိရန် ရည်မှန်းနေသည့် မြန်မာအစိုးရက အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုအခိုင်အမာပြုခဲ့ခြင်းဖြင့် နာဂသူပုန်တို့နှင့် သေချာ ရေရာခြင်းမရှိသော ပိုနေမြဲ ကျားနေမြဲ အနေအထားထက်ပို၍ အရေးပါသည့် ဆောင်ရွက်မှုကို ပြုခဲ့သည်။ လုံခြုံရေးစည်းရိုးကာရံ ရေးအတွက် ငွေကြေးကူညီထောက်ပံ့မှုကို နယူးဒေလီအစိုးရက တရား ဝင် ငြင်းဆန်ခဲ့သည်ဆိုသော်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အဖြစ် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို တစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ ငါးသန်းကူညီရန် ခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံ နယ်စပ်တစ်လွှားရှိ နာဂဒေသတွင် ပျံ့နှံ့နေထိုင် နေသော နာဂတိုင်းရင်းသားလူမျိုးစု နှစ်သန်းခန့်ရှိသည်ဟုဆိုသည်။ ဒေသခံ သတင်းအရင်းအမြစ်အဆိုအရ လက်ရှိကာရံနေသည့် နယ် စပ်စည်းရိုးကြောင့် နာဂတိုင်းရင်းသားတို့၏ ရွာများကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေမည်ဟုဆိုသည်။ မကြာသေးမီက နယ်စပ်ဖြတ် ကျော် ကုန်သွယ်မှုကို တရားဝင် တားမြစ်ပိတ်ပင်ခြင်းအားဖြင့် နာဂ လူမျိုး အသိုင်းအဝိုင်းအတွက် အရေးပါသော လူသုံးကုန်ပစ္စည်းများ ကို ပိတ်ပင်လိုက်သလို ဖြစ်စေခဲ့သည်။ နာဂဒေသမှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ မကြာသေးမီ လများ အတွင်း နာဂဒေသ၏ အဓိကနယ်စပ်ဈေးကွက်နှစ်ခုတွင် ကုန်ပစ္စည်း ပြတ်လပ်မှုများ ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ အဆို ပါ နယ်စပ်ဒေသ ဈေးကွက်နှစ်ခုသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ် ရေးကို အဆင်ပြေချောမွေ့စေသည့် ဈေးကွက်များဖြစ်ပြီး နာဂတိုင်း ရင်းသားတို့အတွက်လည်း အိန္ဒိယထုတ်ကုန်များကို လိုသလောက် တရားဝင် ဝယ်ယူခွင့်ရနေသည့် ဈေးကွက်များဖြစ်သည်။

ယခုဆိုလျှင် လူတစ်ဦးလျှင် တစ်လစာ ဆန် ၅ဝ ကီလိုဂရမ်နှင့် ဆီ၊ ဆားတို့ကိုသာ ဝယ်ယူနိုင်ကြောင်း ဒေသခံတစ်ဦးက ရင်ဖွင့်ခဲ့ သည်။ အလားတူပင် နာဂဒေသမြောက်ပိုင်းမှ အဓိကမြို့များဖြစ် သည့် ပန်ဆုနှင့် နန်ယောက်မြို့များအနီးရှိ ကုန်သွယ်ရေးလမ်းကြောင်း မှာ အိမ်နီးချင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခဲ့ရသည်။ တိုက်ပွဲများကြောင့် လမ်းများပိတ်ဆို့တားဆီးမှုနှင့်အတူ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်ကြရပြီး ကုန်စည်စီးဆင်းမှုကို ပြတ်လပ်စေခဲ့သည်ဟု ဆိုသည်။
စင်စစ် အိန္ဒိယနှင့် မြန်မာနိုင်ငံ၏နယ်စပ်တစ်လျှောက် ဟိုဘက် ခြမ်း ဒီဘက်ခြမ်းတွင် နာဂလူမျိုးစုများက ဘေးချင်းကပ် နေထိုင် နေလျက်ရှိရာ မကြာသေးမီက ကာရံလိုက်သည့် လုံခြုံရေးစည်းရိုး ကြောင့် နာဂလူမျိုးစုတို့အတွက် မိသားစုနှင့် ဆွေမျိုးအသိုင်းအဝိုင်း အတွင်း တစ်ကွဲတစ်ပြားစီ ဖြစ်မည့်အရေးကို ရင်ဆိုင်နေရလျက်ရှိ သည်။ ယင်းကြောင့်ပင် အရှေ့ခြမ်း နာဂဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း ခေါင်းဆောင် ရှန်ယုန်ဝမ်က ''အိန္ဒိယဘက်ခြမ်း ဒါမှမဟုတ် မြန်မာ ဘက်ခြမ်းမှာရှိတဲ့ နာဂတိုင်းရင်းသားတွေဟာ ဘာသာစကားနဲ့ ယဉ် ကျေးမှု တူညီတဲ့သူတွေဖြစ်တယ်။ ဘယ်လိုပဲ ကျွန်တော်တို့ကို စည်း ခြားပြီး ခွဲခြားထားတဲ့တိုင်အောင် ကျွန်တော်တို့ဟာ နာဂတိုင်းရင်း သားလူမျိုးစုအဖြစ် ရှိနေမှာပါ''ဟု ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

Ref: ASIA TIMES
#YangonMediaGroup #YangonTimesJournal #Article #internationalnewsanalysis

No comments:

Post a Comment