Latest News

Thursday, February 9, 2017

စိတ်ကြွဆေးပြား ၁၄ သန်းဖမ်းမိအောင်ကူညီပေးသူ ကိုရာဇာဟိန်း လုံခြုံရေးအခြေအနေအရနေအိမ်မှာပဲဆိုင်ဖွင့်

စိတ်ကြွဆေးပြား ၁၄ သန်းဖမ်းမိအောင်ကူညီပေးသူ ကိုရာဇာဟိန်း

လုံခြုံရေးအခြေအနေအရနေအိမ်မှာပဲဆိုင်ဖွင့်


ဖေဖော်ဝါရီ၊ ၉ ၊ ရန်ကုန်

စိတ်ကြွမူးယစ်ဆေးပြား(၁၄)သန်း ဖမ်းမိအောင်ကူညီပေးခဲ့လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ကိုရာဇာဟိန်းဟာ လုံခြုံရေး အခြေအနေအရ အပြင်ထွက်အလုပ်မလုပ်နိုင်ဘဲနေအိမ်မှာပဲဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားရတယ်လို့ သိရပါတယ်။

ကိုရာဇာဟိန်းက” ခုကဂိတ်မှာမနေတော့ဘူး ဂိတ်မှာကလုံခြုံရေးအခြေအ နေမကောင်းလို့အမေတို့ကလဲပေးမသွားဘူး။ဒါကြောင့်အိမ်မှာပဲဆိုင်ဖွင့်လိုက်တယ်၊ရဲစခန်းကလည်းလာကြည့်ပေးတယ်။“လို့ပြောပါတယ်။

အရင်ကကိုရာဇာဟိန်းဟာ မြို့ဝင်ဂိတ်မှာ တနေ့၄၅၀၀ကျပ်နဲ့ နေ့စားလုပ်ကိုင်ခဲ့ တယ်လို့သိရပါတယ်။လက်ရှိကိုရာဇာဟိန်းရဲ့လုံခြုံရေးအတွက်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့က တစ်နေ့ကို(၃)ကြိမ်လာရောက်စောင့်ရှောက်ပေးနေတယ်လို့ဆိုပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိဖို့ အကူအညီပေးခဲ့တဲ့ ဒီဇင်ဘာလ(၁၀)ရက်နေ့ကစပြီး၊ဘယ်အဖွဲ့အစည်းတွေကမှ ခြိမ်းခြောက်တာတွေမခံရသေးဘူးလို့ပြောပါတယ်။

ကိုရာဇာဟိန်းဟာ မူးယစ်ဆေးပြားတွေဖမ်းမိဖို့ ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ တောထဲမှာ(၈)ရက်ကြာ ကျောက်ကွင်းအလုပ်သမားဟန်ဆောင်ကာ သတင်းပေးခဲ့တာကြောင့်၂၀၁၆ခုနှစ်ဒီဇင်ဘာလအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးက ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိကိုရာဇာဟိန်းကို အခြားအဖွဲ့အစည်းတွေက ဂုဏ်ပြုတာတွေမရှိသေးဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ ဂုဏ်ပြုဆုချီးမြှင့်ဖို့ဆက်သွယ်ထား တယ်လို့သိရပါတယ်။
အေးအေးအောင်(ကုမုဒြာ)


No comments:

Post a Comment