လက်စတာ စီးတီး နည်းပြ ထုတ်ပယ် ခံရ
အသင်းနည်းပြ ကလော်ဒီယို ရာညေးရီ ကို ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီး အသင်း တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာပါတယ်။
လက်တလော အချိန်မှာ လက်စတာ အသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံတွေ့ နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ အမှတ်ပေးဇယား တန်းဆင်းဇုန်မှာ ရပ်တည်နေပါတယ်။
၂၀၁၅ ခုနှစ်မှာတုန်း က အသက် ၆၅ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ နည်းပြ ဟာ လက်စတာ အသင်း နဲ့ ပူးပေါင်းခဲ့ပြီး ပရီးမီးလားလိဂ် ချန်ပီယံဆု ကို ဆွတ်ခူး ပေးခဲ့တာပါ။
ဒီနှစ် အစောပိုင်းတုန်း ကတော့ အီတလီ လူမျိုး နည်းပြကြီး ကို ဆက်လက် ထောက်ခံမှု ပေးသွားမယ်လို့လည်း လက်စတာ အသင်းဘက် က ကြေညာ ထားခဲ့တာ ဖြစ်ပါတယ်။
BBC
Thursday, February 23, 2017
လက်စတာ စီးတီး နည်းပြ ထုတ်ပယ် ခံရ
လက်စတာ စီးတီး နည်းပြ ထုတ်ပယ် ခံရ
Reviewed by Ar Ti
on
11:24 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment