Latest News

Monday, February 20, 2017

မွန်ပြည်နယ် ၀န်ကြီးချုပ် အသစ် ဖြစ်လာမယ့် ဒေါက်တာ အေးဇံ ဘယ်လို လူမျိုးလဲ

မွန်ပြည်နယ် ၀န်ကြီးချုပ် အသစ် ဖြစ်လာမယ့် ဒေါက်တာ အေးဇံ

ဘယ်လို လူမျိုးလဲ

 နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀။ ။ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က မွန်ပြည်နယ် ၀န်ကြီးချုပ် အသစ် အဖြစ် ကျိုက်ထို မဲဆန္ဓနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးဇံကို ထောက်ခံထားတယ် လို့  သည်ကနေ့ ပဲ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် အသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း အများဆုံးမှာ ရှိနေတဲ့ ဒေါက်တာ အေးဇံဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီရဲ့ အမာခံ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ပါတီမှာ အမြင့်ဆုံး တာဝန် အဖြစ် ဗဟို ကော်မတီဝင် အထိ ဆောင်ရွက်ခဲ့ ဖူးတယ်လို့  ကျိုက်ထိုမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင် က ပြောပါတယ်။

၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် တရားဝင် မှတ်ပုံတင်တဲ့ ခုနှစ်မှာပဲ ဒေါက်တာ အေးဇံက ကျိုက်ထိုမြို နယ် NLD အဖွဲ့ ကို စတင် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ခင်ဆောင် က ” မြို့ နယ် စည်းရုံးရေး ကော်မတီ ၀င်တွေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် အပြီး ကျွန်တော် တို့ တွေ အဖမ်းခံကြရတဲ့ အခါမှာ သူက မုဒုံက နေပြီး ကျိုက်ထိုမြို့ နယ်ကို ရောက်လာပြီး ကျိုက်ထိုမြို့ နယ် NLD ကို သူက ဆက်ပြီး ဦးဆောင် ခဲ့တာပေါ့ ။ အဲ့ထဲက သူက NLD အဖွဲ့ ဝင် ဖြစ်ခဲ့တယ်။” လို့  ပြောပြ ပါတယ် မွန်လူမျိုး ဖြစ်တဲ့ ဒေါက်တာ အေးဇံဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး ကိုယ်စားလှယ် အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျိုက်ထိုမြို့နယ် အလုပ် အမှုဆောင် အဖွဲ့ ဥက္ကဌ အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ မွန်ပြည်နယ် လွှတ်တော်ရဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီနှင့် သဘာဝ သယံဇာတ ရေးရာ ကော်မတီ တို့ မှာ ဥက္ကဌ အဖြစ် တာဝန်ယူ ထားတာလည်း ဖြစ်ပါတယ်။

ပညာ အရည်အချင်း အနေန M.B.B.S (YGN) ဘွဲ့ရ တစ်ဦး ဖြစ်ပြီး ပြင်ပ ဆေးခန်း ဆရာဝန် တစ်ဦးအဖြစ် အသက်မွေး နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အစိုးရသစ် စတင် ဖွဲ့ စည်းကာစ ကတည်းက ၀န်ကြီးချုပ် အဖြစ် ပြည်သူတွေရဲ့ ထင်ကြေးပေး ခံခဲ့ရတာ ဖြစ်တယ်လို့ လည်း မြို့ နယ် တစ်ခုထဲမှာ အလုပ် တူတူ လုပ်နေကြတဲ့ ကျိုက်ထိုမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင် က ပြောပြပါတယ်။ ပြည်သူတွေရဲ့  တိုင်ကြားမှုကြောင့် ၀န်ကြီးချုပ် အဖြစ်မှ နှုတ်ထွက်သွားတဲ့ ဘီးလင်းမြို့ နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းဦးရဲ့  နေရာမှာ ဒေါက်တာ အောင်ဇံ က တာဝန်ယူလာဖို့ ရှိနေပါတယ်။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဒေါက်တာ အေးဇံဟာ ကိစ္စ တစ်ခုခုကို မဖြစ် ဖြစ်အောင် ဆောင်ရွက်လိုတဲ့ စိတ်သဘောထား ရှိသူ တစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ် တစ်ဦး အရည်အချင်းနဲ ကိုက်ညီတဲ့သူ ဖြစ်တယ်လိုလည်း ဒေါက်တာ ခင်ဆောင် က မှတ်ချက်ပြု ပြောဆိုပါတယ်။

ဒေါက်တာ ခင်ဆောင် က ” ဘယ်လို စိတ်နေ သဘောထား ရှိလဲ ဆိုတော့သူက သူ့ အနေနဲ့ သူလုပ်ချင်တာကို ပြီးအောင် လုပ်တတ်တဲ့ အနေအထားမှာ ရှိတယ်၊ ၀န်ကြီးချုပ် ဖြစ်သင့်တဲ့ အနေအထားမှာ ရှိပါတယ်” လို့ ပြောပါတယ်


Photo - ဒေါက်တာအေးဇံ ဖေ့ဘုတ်

ဖေသက်ထက်ခင်

Kumudra

No comments:

Post a Comment