Latest News

Monday, February 20, 2017

ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသလို တရားစီရင်ရေးမှာ အကျင့်ပျက် ခြစားမှု လျော့ပါး မသွားသေးကြောင်း ဦးဝင်းထိန်ပြော

ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသလို တရားစီရင်ရေးမှာ အကျင့်ပျက်


ခြစားမှု လျော့ပါး မသွားသေးကြောင်း ဦးဝင်းထိန်ပြော

အစိုးရသက်တမ်းတစ်နှစ်နီးပါးအတွင်း တရားစီရင်ရေးကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသလို အကျင့်ပျက်ခြစားမှု လျော့ပါးမှု မရှိသေးကြောင်းနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူသွားဖို့ ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်နီးပါးအခြေအနေအပေါ် မေးမြန်းရာမှာ ဦးဝင်းထိန် က ပြောတာဖြစ်ပါတယ်။

မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်ပြီး တရားသူကြီးတွေ ၊ ရဲအရာရှိတွေ၊ အစိုးရအရာရှိတွေကို တရားစီရင်ရေးကဏ္ဍမှာ အဂတိတရားလျော့ပါးဖို့အတွက် သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး / ပြည်နယ်အစိုးရတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားတယ် လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

နိုင်ငံတကာအကူအညီတွေနဲ့အတူ အစိုးရအဖွဲ့က အဂတိတရားအကင်းဆုံးနဲ့ အလုပ်လုပ်မယ်ဆိုရင် ၂၀၁၇ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး သိသိသာသာတိုးတက်မယ့်အနေအထားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

Photo: Win Naung Toe/ RFA

No comments:

Post a Comment