ပညာရှိသူနှင့်ပညာမဲ့သူကို လေ့လာခွဲခြားနည်း
၁)* ပညာရှိသူဟာ လူသားတိုင်းအပေါ် လေးစားသမှုဖြင့် ဆက်ဆံလေ့ရှိတယ်။
* ပညာမဲ့သူဟာ သြဇာအာဏာကြီးမားသူအပေါ်သာ လေးစားစွာဆက်ဆံတယ်။
၂)* ပညာရှိသူဟာ အများသူငှာ၏ ဂရုစိုက်မှု၊ ချီးမွမ်းမှုကို မတောင့်တပေ။
* ပညာမဲ့သူဟာ လူအများ၏ ဂရုစိုက်မှု၊ မြှောက်ပင့်ချီးမွမ်းမှုများကို လိုအပ်သည်ထက်ပိုပြီး လိုချင်တပ်မက်ကြတယ်။
၃)* ပညာရှိသူဟာ ထင်ပေါ်ကျော်ကြားမှုအတွက် ကြိုးစားနေကြသူများ မဟုတ်ပါ။ ဘဝအတွက်ကြိုးစားနေကြသူများ ဖြစ်ပါတယ်။
* ပညာမဲ့သူဟာ ထင်ပေါ်ကျော်ကြားလိုစိတ်သာရှိပြီး ပေါ်ပြူလာဖြစ်ဖို့အတွက်သာ ကြိုးပမ်းနေတတ်တယ်။
၎)* ပညာရှိသူဟာ မိမိ၏ရာထူး၊ ဂုဏ်ပကာသနများကို ကြွားဝါတတ်သူများမဟုတ်။
* ပညာမဲ့သူဟာ မရှိသည်ကို အရှိလုပ်ပြီး ကြွားဝါကြတယ်။
၅)* ပညာရှိသူဟာ မိမိပြောစရာရှိသည်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြရဲတဲ့ သတ္တိရှိတယ်။
* ပညာမဲ့သူဟာ နောက်ကွယ်တွင်သာ အတင်းပြောပြီး ရင်ဖွင့်တယ်။
စံပယ်(ရွှေအင်းလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment