Latest News

Saturday, February 25, 2017

"နာကျင်ကြေကွဲစာ"


 "နာကျင်ကြေကွဲစာ"

ဆရာဦးကိုနီအတွက်။
စာရေးဆရာချစ်ဦးညို၏

- မိတ်ဆွေတစ်ယောက်၊ဥပဒေပညာရှင်တစ်ယောက်၊
  အတွေးရှင်း၊အပြောရှင်း၊အရေးရှင်းတဲ့
  ပုဂ္ဂိုလ်တစ်ယောက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းထက်
  ပိုပါတယ်။

-မိမိဒုလ္လဘရဟန်းဘောင်စတုတ္ထအကြိမ်တက်ခဲ့စဉ်က
  (၂၀၁၄)ခုနှစ်မှာဦးကိုနီကဒွိစုံသင်္ကန်းလှူ ခဲ့ပါတယ်။
  မြန်မာမှု၊ယဉ်ကျေးမှုနဲ့အနုပညာကိုလည်းအတော်လေး
  ထဲထဲဝင်ဝင်လေ့လာနားလည်ထားသူတစ်ယောက်။

- ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတစ်အုပ်လုံးကို
  မီးရှို့ပြာချပြီးရေနဲ့ရောသောက်ထားဘိသကဲ့သို့
  ကျမ်းကြေလှသူလဲဖြစ်တယ်၊ပြည်သူ့ဒီမိုကရေစီ
  အစစ်နဲ့ဓမ္မအတွက်အားသွန်ခွန်စိုက်ကြိုးပမ်းနေမှာမှ
  ဖြစ်ရပေခြင်း၊ဖြစ်ရလေခြင်းရယ်လို့မြည်တမ်းရင်း
  နာကျင်ကြေကွဲရပါသည်။

-  ဒါပေမယ့်နာကျင်ကြေကွဲနေရင်းမှာပဲ
   ရူပဗေဒထဲက အပူမှသည်စွမ်းအင်သို့
  (FROM HEAT TO ENERGY)
  ဆိုတဲ့သဘာဝလို။

-  သူ့အတွက်နာကျင်ကြေကွဲပြီးပူလောင်
  နေတဲ့အပူကိုအမှန်တရားထွန်းကား၊
  ဓမ္မအောင်လံလွှင့်ထူနိုင်ရေးတည်းဟူသော
  စွမ်းအားအဖြစ်သို့ပြောင်းလဲလိုက်ပါတယ်
  မိတ်ဆွေကြီး ဆရာဦးကိုနီခင်ဗျား။   ။

    ချစ်ဦးညို
  ၂၆-၂-၂၀၁၇
 
မနက်ဖြန်ပြုလုပ်မည့်ပွဲအတွက်
နာကျင်ကြေကွဲခြင်းစာ။
ပုသိမ်ဟောပြောပွဲရောက်နေမည်ဖြစ်၍
ဆရာထင်လင်းဦးမှဖတ်ပြပါမည်။

No comments:

Post a Comment