အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ
သိန္နီ ဖေဖော်ဝါရီ ၂၆
သိန္နီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းတွင် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီ အချိန်တွင် သတင်းအရ မူဆယ်ဘက်မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်များအား တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ ရေပူအမြဲတမ်း စစ်ဆေးရေး စခန်း၌ တားဆီးစစ်ဆေးရာ ယာဉ်အမှတ် 5E/------- Fuso (၁၂) ဘီး ယာဉ်ပေါ်တွင် စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အမှတ် 7L/------ Hino Canter ယာဉ်ပေါ်တွင် စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 2D/----- အောင်ကျော်မိုး ခရီးသည်ယာဉ်ပေါ်တွင် ပါလာသည့် Speaker များ၊ ယာဉ်အမှတ် DD/----- Nissan ADVAN ယာဉ်ငယ်ပေါ်တွင် အဝတ်အထည်များ၊ ယာဉ်အမှတ် CC/------ Probox ယာဉ်ငယ်ပေါ်တွင် အဝတ်အထည်များ၊ ယာဉ်အမှတ် 6K/------ Nissan Lightruck ATLAS (၆)ဘီး ယာဉ်ပေါ်တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အမှတ် 4L/------ Fuso Lightruck (၆)ဘီးယာဉ်ပေါ်တွင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ ယာဉ်အမှတ် 1K/------ Nissan Lightruck ATLAS (၆)ဘီး ယာဉ်ပေါ်တွင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ ယာဉ်အမှတ် 71M/------ Fuso Canter (၆)ဘီးယာဉ်ပေါ်တွင် စားသောက်ကုန် ပစ္စည်းများအား အကောက်ခွန်မဲ့ ပစ္စည်းများ စစ်ဆေးတွေ့ရှိရသဖြင့် ပစ္စည်းများအား အသေးစိတ်စစ်ဆေးခြင်း၊ တန်ဖိုးဖြတ်ခြင်းများ ဆောင်ရွက်ရန် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ချစ်လှ (ပြန်/ဆက်)
Saturday, February 25, 2017
အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ
အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ
Reviewed by Ar Ti
on
11:44 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment