Yahoo အမည်ကို Altaba ဟုပြောင်းလဲပြီး စီအီးအို မာရီဆာမေယာ ဘုတ်အဖွဲ့မှ နုတ်ထွက်မည်
Yahoo အမှုဆောင် အရာရှိချုပ် မာရီဆာမေယာသည် ကုမ္ပဏီကို Verizon ထံ ဒေါ်လာ ၄.၈ ဘီလျံဖြင့် ရောင်းချခဲ့ပြီးနောက် ကျန်ရှိသည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ ဘုတ်အဖွဲ့မှ နုတ်ထွက်ရန် စီစဉ်နေသော ဒါရိုက်တာ ၆ ဦးတွင် ပါဝင်ကြောင်း သိရသည်။
Verizon ၏ ဝယ်ယူမှု အပြီးသတ်သည်နှင့် Yahoo က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဘုတ်အဖွဲ့ကို ၁၁ ဦးမှ ၅ ဦးအထိ လျှော့ချသွားမည်ဖြစ်သည်။ Alibaba နှင့် Yahoo Japan တို့က အစုရှယ်ယာများ ပိုင်ဆိုင်သည့် ကုမ္ပဏီသစ်၏ အမည်ကို Atlaba Inc ဟု ပြောင်းလဲမည်ဖြစ်သည်။
Yahoo သည် ၎င်း၏ အင်တာနက်ပေါ်တယ်ကို Verizon ထံ ဒေါ်လာ ၄.၈ ဘီလျံဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့သော်လည်း သုံးစွဲသူအချက် အလက်ပေါက်ကြားမှု ဖြစ်စဉ်နှစ်ခုကို Yahoo က ဖွင့်ဟခဲ့ပြီးနောက် မေးခွန်းအများအပြား ထွက်ပေါ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Yahoo ထံ မေယာ ရောက်ရှိခဲ့ပြီးနောက် ကုမ္ပဏီကိုပြန်လည် ဦးမော့လာစေရန် ကြိုးပမ်းရာတွင် အရေးနိမ့်ခဲ့သည့်အတွက် အဆိုပါ သဘောတူညီချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
Altaba နှင့်အတူ ကျန်ရှိမည့် ဒါရိုက်တာများမှာ သော်ဘရေဟမ်၊ အဲရစ်ဘရန့်၊ ကက်သရင်းဖရိုင်းမန်း၊ သောမက်စ်မက်အင်နာနီနှင့် ဂျက်ဖရီစမစ်တို့ဖြစ်သည်။ ဘရန့်က ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအဖြစ် ပြောင်းလဲရာတွင် အခက်အခဲမရှိစေရန် အကူအညီပေးမည်ဖြစ်သည်။
Sources; Bloomberg/Internet Journal
Monday, January 9, 2017
Yahoo အမည်ကို Altaba ဟုပြောင်းလဲပြီး စီအီးအို မာရီဆာမေယာ ဘုတ်အဖွဲ့မှ နုတ်ထွက်မည်
Yahoo အမည်ကို Altaba ဟုပြောင်းလဲပြီး စီအီးအို မာရီဆာမေယာ ဘုတ်အဖွဲ့မှ နုတ်ထွက်မည်
Reviewed by Ar Ti
on
11:27 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment