Latest News

Saturday, January 7, 2017

လက်သည်းခြေသည်းခွံ အက်ကွဲခြင်းကို tea bagနဲ့ ပြန်ဆက်နိုင်

လက်သည်းခြေသည်းခွံ အက်ကွဲခြင်းကို tea bagနဲ့ ပြန်ဆက်နိုင်


လက်သည်းတွေ ကျိုးပဲ့တဲ့အခါ စိတ်ပျက်ကြရတယ်မဟုတ်လား။ တစ်ခုခုနဲ့ ငြိပြီး လက်သည်းကျိုးသလို၊ ကွဲသလို ဖြစ်သွားတဲ့အခါ အားလုံစဉ်းစားမိတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းက လက်သည်းတွေ အကုန်ညှပ်ထုတ်ပစ်လိုက်တာပါပဲ။ နောက်တစ်ခါ လက်သည်းခြေသည်းခွံတွေ ကျိုးပဲ့တဲ့အခါ ပြန်ဆက်ဖို့ tea bag ကိုသာ အသုံးပြုလိုက်ပါ။ ဘယ်လိုလဲဆိုတာ သိချင်နေပြီမလား။

၁။ လက်သည်းဆိုးဆေးတစ်ခုခု လိမ်းထားပါက ကျိုးပဲ့နေတဲ့လက်သည်းခြေသည်းက အရောင်တင်ဆေးတွေ တိုက်ချွတ်ပစ်ပါ။

၂။ Tea bag ကို အနည်းငယ် လှီးဖြတ်ပါ။ ဒီအတွက် စက္ကူ tea bag လိုအပ်ပါလိမ့်မယ်။

၃။ လက်သည်းမှာ အောက်ခံအကြည်လေးလိမ်းပြီး ခုနက လှီးဖြတ်လိုက်တဲ့ tea bag စလေးကို ကျိုးပဲ့နေတဲ့ လက်သည်းခြေသည်းခွံပေါ် ထားရပါမယ်။ လက်သည်းတစ်ဝက်လောက် ဖုံးထားပါလိမ့်မယ်။

၎။ ခြောက်ပြီဆိုတာနဲ့ စက္ကူဖောက်မြင်နိုင်တဲ့ နောက်အောက်ခံဆေးတစ်ခု ဆိုးပေးပါ။ အခုချိန်မှာ ပြုပြင်ထားတဲ့ လက်သည်းခြေသည်းခွံပေါ် လက်သည်းဆိုးဆေး အလွယ်တကူ လိမ်းချယ်နိုင်ပါပြီ။

Sources; TOI Trend Myanmar

No comments:

Post a Comment