Latest News

Monday, January 9, 2017

Razer ၏ Project Valerie လက်တော့ပ်ရှေ့ပြေးပုံစံများ CES ပြပွဲတွင် ခိုးယူခံရ

Razer ၏ Project Valerie လက်တော့ပ်ရှေ့ပြေးပုံစံများ CES ပြပွဲတွင် ခိုးယူခံရ



Screen သုံးခုနှင့် ထူးကဲသော spec များပါဝင်သည့် Razer ၏ Project Valerie လက်တော့ပ် ရှေ့ပြေးပုံစံနှစ်ခုသည် CES 2017 ပြပွဲတွင် ခိုးယူခံခဲ့ရသည်။

ထို့နောက် အဆိုပါ ရှေ့ပြေးပုံစံများ ခိုးယူခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ သိရှိသူ မည်သူမဆို ဆုငွေ ဒေါ်လာ ၂၅,၀၀၀ ပေးအပ်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။

ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်တွင် “CES ပြပွဲက Razer ပြခန်းကနေ Razer Project Valerie လက်တော့ပ်ရှေ့ပြေးပုံစံ နှစ်လုံး ခိုးယူခံခဲ့ရပါတယ်။ ဒီထုတ်ကုန်က Razer ပြခန်းကနေ ဇန်နဝါရီ ၈ ရက်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ သံသယရှိတဲ့သူကို ဖော်ထုတ်နိုင်ဖို့အတွက် အချက်အလက်ထောက်ပံ့သူတွေကို ဆုငွေ ဒေါ်လာ ၂၅,၀၀၀ ပေးအပ်သွားမှာပါ။ ခိုးယူခံရမှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို legal@razerzone.com ထံ ပေးပို့နိုင်ပါတယ်” ဟု ဖော်ပြခဲ့သည်။

Razer ၏ 12K Project Valerie လက်တော့ပ်တွင် ပင်မ screen မှ တောင်ပံကဲ့သို့ ဖြန့်ကြက်နိုင်သော 4K display နှစ်ခုပါဝင်သည်။ Screen သုံးခုပါဝင်သည့် Project Valerie သည် Amazon တွင် ဒေါ်လာ ၃,၆၉၉ ဖြင့် ရောင်းချသော Razer Blade Pro နှစ်လုံးကို ဆင့်ထားသကဲ့သို့ ထူထဲသည်။

Sources; TNW/Internet Journal

No comments:

Post a Comment