Sunday, January 8, 2017
ရန်ကုန်မြို့တွင်းပြေးဆွဲမည့် ယာဉ်လမ်းကြောင်းခရီးစဉ် Mobile App ထုတ်ပေးသွားမည်
ရန်ကုန်မြို့တွင်းပြေးဆွဲမည့် ယာဉ်လမ်းကြောင်းခရီးစဉ် Mobile App ထုတ်ပေးသွားမည်
လာမည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် အသစ်စတင်မည့် ရန်ကုန်မြို့
ဧရိယာ ယာဉ်လမ်းကြောခရီးစဉ်နှင့် ဘတ်စ်ကားမှတ်တိုင်များကို အသေးစိတ်ဖော်ပြမည့် Mobile Application ကို ထုတ်ပေးသွား
မည်ဖြစ်ကြောင်း သိရှိရသည်။
-
ခရီးသွားပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် ယာဉ်
လမ်းကြောင်းနှင့် မှတ်တိုင်များကို ဝဘ်ဆိုက်၊ လူမှုကွန်ယက် ဖေ့စ်ဘုတ်တို့တွင်သာမက မိမိတို့၏ မိုဘိုင်းအတွင်း ထည့်သွင်း
ကြည့်ရှုနိုင်မည့် Mobile Application တစ်ခုကိုလည်း ဖြန်ဝေသွာရန်စီစဉ်ထားသည်။
-
အဆိုပါ Mobile Application တွင် မိမိသွားလိုသော ခရီးစဉ်အတွက် စီးရမည့် ဘတ်စ်ကားလိုင်းနှင့် ကြာမြင့်ချိန်ကိုပါ ဖော်ပြပေးနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်းထားမည်ဖြစ်သည်။ ထို့အပြင်ဘတ်စ်
ကားအစီစဉ်သစ်ကို မိတ်ဆက်ဆဲကာလတွင် မေးမြန်စုံစမ်းနိုင်မည့်
Call Center ကိုလည်း ဖွင့်လှစ်ပေးသွားမည့်အပြင် ဘတ်စိကားဂိတ်
များတွင်လည်း ကူညီလမ်းညွှန်ပေးမည့် ဝန်ထမ်းတစ်ဦးကို ထားရှိ
ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
-
မ.ထ.သ စနစ်ဖျက်သိမ်းလိုက်ပြီးနောက် ရန်ကုန်မြို့တွင်း သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင် Yangon Region Transport Authority (YRTA) က ဦးစီးကွပ်ကဲမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းတစ်ခုတွင် ဘတ်စ်ကားလိုင်း နံပါတ်တစ်ခုသာ သတ်သတ်မှတ်မှတ်ပြေးဆွဲ
သွားမည်ဖြစ်သည်။ စတင်ပြေးဆွဲမည့်ရက်တွင် (YRTA) စာတန်းနှင့် ယာဉ်လိုင်းနံပါတ်များကို တပ်ဆင်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီ (၈)ခုတွင် ရန်ကုန်ဘတ်စိကားအများပိုင်ကုမ္ပဏီ(BRT) နှင့် စီးပွားရေးဦးပိုင် လီမိတက်မှ ဗန္ဓုလသယ်ယူပို့ဆောင်းရေး တို့လည်းပူးပေါင်းဆောင်ရွက်
ကြောင်း သတင်းရရှိသည်။
Sources; Irrawaddy
ရန်ကုန်မြို့တွင်းပြေးဆွဲမည့် ယာဉ်လမ်းကြောင်းခရီးစဉ် Mobile App ထုတ်ပေးသွားမည်
Reviewed by Ar Ti
on
5:10 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment