Latest News

Sunday, January 8, 2017

ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲတွင် ဆု ၇ ခုဖြင့် အောင်ပွဲခံခဲ့သည့် La La Land ဇာတ်ကား

ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲတွင် ဆု ၇ ခုဖြင့် အောင်ပွဲခံခဲ့သည့် La La Land ဇာတ်ကား

ဓာတ်ပုံ-EPA
၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံး (Golden Globe) ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ နာမည်ကျော် Beverly Hills ဟိုတယ်တွင် ကျင်းပရာ La La Land ဇာတ်ကားက ဆု အများအပြားဖြင့် အောင်ပွဲခံသွားခဲ့သည်။

ဒါရိုက်တာ ဒါမီယန်ချက်ဇဲလ် ရိုက်ကူးပြီး မင်းသား ရိုင်ယန်ဂေါ့ဆလင်နှင့် မင်းသမီး အမ်မာစတုန်းတို့ ဦးဆောင်ပါဝင်သော ဂီတဇာတ်မြူး La La Landသည် ဆုပေးပွဲ မတိုင်မီက ဆန်ခါတင် စာရင်းတွင် ခေါင်းစဉ် ၇ ခုအတွက် လျာထားသတ်မှတ် ခံရပြီး လက်တွေ့တွင်လည်း အဆိုပါ ၇ နေရာစလုံး၌ ဆုရခဲ့သည်။ ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အောင်မြင်မှု ရရှိမည်ဟု ဒုတိယ ရေပန်းအစားဆုံး ဖြစ်ခဲ့သည့် Moonlight ဇာတ်ကားမှာမူ ဆန်ခါတင် စာရင်းတွင် ၆ နေရာစာ သတ်မှတ် ခံရသော်လည်း လက်တွေ့တွင်မူ ဇာတ်ကားဆု တစ်ခုသာ ရရှိခဲ့သည်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများအတွက် ဆုပေးရာတွင်မူ The Crownက Game of Thronesနှင့် Westworldကဲ့သို့ နာမည်ကြီး စီးရီးများကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သည်။

ယခုဆုပေးပွဲတွင် အစီအစဉ်မှူးများအဖြစ် ဘန်အက်ဖလက်၊ မတ်ဒေမွန်၊ ဂယ်လ်ဂဲလ်ဒေါ့၊ ရိုင်ယန်ရေးနိုးလ်စ် အစရှိသည့် ဟောလိဝုဒ် အကျော်အမော် များစွာကလည်း အားဖြည့် ကူညီခဲ့သည်။ ယခုနှစ် ရွှေကမ္ဘာလုံးဆု ရရှိသည့် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။




အကောင်းဆုံး ရုပ်ရှင် (Drama) ….. Moonlight
အကောင်းဆုံးရုပ်ရှင် (Musical or Comedy) ….. La La Land

အကောင်းဆုံး ဇာတ်ဆောင် မင်းသား (Drama) ….. ကေဆီအက်ဖလက် (Manchester by the Sea)
အကောင်းဆုံး ဇာတ်ဆောင် မင်းသား (Musical or Comedy) ….. ရိုင်ယန်ဂေါ့ဆလင် (La La Land)

အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး (Drama) ….. အစ္စဘဲလ် ဟူးပတ် (Elle)
အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး (Musical or Comedy) ….. အမ်မာစတုန်း (La La Land)

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ….. အေရွန်တေလာ ဂျွန်ဆင် (Nocturnal Animals)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ….. ဗိုင်အိုလာဒါးဗစ် (Fences)

အကောင်းဆုံး ဒါရိုက်တာ (Drama) ….. ဒါမီယန်ချက်ဇဲလ် (La La Land)
အကောင်းဆုံး ဇာတ်ညွှန်း ….. ဒါမီယန်ချက်ဇဲလ် (La La Land)

အကောင်းဆုံး မူရင်းဇာတ်လမ်း ….. ဂျက်စတင်ဟားဝစ်ဇ် (La La Land)
အကောင်းဆုံး မူရင်းသီချင်း ….. City of Stars La La Land

အကောင်းဆုံး Animation ရုပ်ရှင် ….. Zootopia
အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ရုပ်ရှင် ….. Elle (ပြင်သစ်)

အကောင်းဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ  (Dama) …..The Crown
အကောင်းဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ (Musical or Comedy) ….. Atlanta

Sources; Golden Globe / 7 Day News Journal

No comments:

Post a Comment