Latest News

Tuesday, January 17, 2017

ပုပ်ရဟန်းမင်းကြီးနဲ့ Knights of Malta ဆက်လက် အငြင်းပွား

ပုပ်ရဟန်းမင်းကြီးနဲ့ Knights of Malta ဆက်လက် အငြင်းပွား

ပုပ်ရဟန်းမင်းကြီး ဖွဲ့စည်းပေးတဲ့ စုံစမ်းရေးကော်မရှင်ကို
လက်မခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Knights of Malta အဖွဲ့ကို ပူးပေါင်းဆောင်ရွက်ဖို့ ဗာဒီကန်က အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

Knights of Malta အဖွဲ့က ဂရင်းမာစတာတဦးကို မြန်မာပြည်ကိုပေးပို့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ ကိုယ်ဝန်ဆောင်တာကို တားမြစ်တဲ့ ကွန်ဒုံများ ပါဝင်နေတဲ့ကိစ္စနဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ရာထူးချထားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်တာကို Knights of Malta အဖွဲ့ကြ ငင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဗာတီကန်ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေကို အမှန်အတိုင်းသိမြင်နိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကနေရရှိမှာဖြစ်တယ်လို့  ယူဆထားပြီး Knights of Malta အဖွဲ့အနေနဲ့ ရှေးအစဉ်အလာအရ လက်ခံရမှာဖြစ်တယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရေးထားပါတယ်။

Sources: RFA

No comments:

Post a Comment