အကြီးဆုံး ထိပ်တန်းဆန်စက် လုပ်ငန်းစု ဖြစ်လာမည့် ကျိုက်လတ် IRCP မှတစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆၀၀၀၀ ခန့်တင်ပို့၍ ပြည်တွင်းစားသုံးရန် အဆင့်မြင့်ပေါ်ဆန်းနှင့် တန်းမြင့်ဆန်တန်ချိန် ၁၅၀၀၀ ခန့်ဖြန့်ဖြူးမည်ဟု သိရ
ကျိုက်လတ်တွင် တည်ဆောက်ခဲ့သည့် IRCP သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ထိပ်တန်းဆန်စက်လုပ်ငန်းစု အစုအဝေးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆၀၀၀၀ ခန့်တင်ပို့၍ ပြည်တွင်းစားသုံးရန် အဆင့်မြင့်ပေါ်ဆန်းနှင့် တန်းမြင့်ဆန် တန်ချိန် ၁၅၀၀၀ ခန့်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှသိရသည်။
အဆိုပါ စီမံကိန်းကို MAPCO Golden Lace Co.,Ltd တွင် MAPCO ဘက်မှ ၅၅ ရာခိုင်နှုန်း၊Golden Lace အဖွဲ့မှ ၄၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထည့်ဝင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
စီမံကိန်း Phase-1 ကို ၂၀၁၇ ခုနှစ် မတ် ၂ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ စပါးခွံလောင်စာသုံး၍ ဘွိုင်လာ မှ 450 ဒီဂရီစင်တီဂရိတ်ရှိသော ဖိအားမြှင့်ရေနွေးငွေ့ ထုတ်လွှတ်ပြီး တာဘိုင်ကို လည်ပတ်စေကာ 440 V 2.2 MW လျှပ် စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆန်စပါး လုပ်ငန်းတွင် ပထမဆုံးနှင့် အကြီးဆုံးစပါးခွံသုံး လျှပ်စစ်ထုတ်လုပ်စက်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Lucky Export ကုမ္ပဏီမှ မှာယူတင်သွင်းခဲ့ပြီး ရာခိုင်နှုန်း ၉၀ မှာ တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။
ထို့ပြင် တစ်နေ့လျှင် တန် ၂၀၀ ထုတ်လုပ်နိုင်သော စပါးပေါင်းစက်ကို အိန္ဒိယနိုင်ငံမှ လည်းကောင်း၊ တစ်နေ့တန် ၂၅၀ ဆန်စက်များကို လည်းကောင်း၊ စပါးခြောက်စက် ၁၅ တန် နှစ်လုံး၊ ၁၇ တန်နှစ်လုံး စုစုပေါင်းလေးလုံးကို ကိုရီးယားနိုင်ငံက မှာယူပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်းတစ်ခုလုံးကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၅ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် မနသ ၉၉၄/၂၀၁၄ ဖြင့်ခွင့်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ကျပ် ၈၉၆၃၉ သိန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Sources; နီလာ/Eleven Media Group
Monday, January 9, 2017
အကြီးဆုံး ထိပ်တန်းဆန်စက် လုပ်ငန်းစု ဖြစ်လာမည့် ကျိုက်လတ် IRCP မှတစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆၀၀၀၀ ခန့်တင်ပို့၍ ပြည်တွင်းစားသုံးရန် အဆင့်မြင့်ပေါ်ဆန်းနှင့် တန်းမြင့်ဆန်တန်ချိန် ၁၅၀၀၀ ခန့်ဖြန့်ဖြူးမည်ဟု သိရ
အကြီးဆုံး ထိပ်တန်းဆန်စက် လုပ်ငန်းစု ဖြစ်လာမည့် ကျိုက်လတ် IRCP မှတစ်နှစ်လျှင် ပြည်ပသို့ ဆန်တန်ချိန် ၆၀၀၀၀ ခန့်တင်ပို့၍ ပြည်တွင်းစားသုံးရန် အဆင့်မြင့်ပေါ်ဆန်းနှင့် တန်းမြင့်ဆန်တန်ချိန် ၁၅၀၀၀ ခန့်ဖြန့်ဖြူးမည်ဟု သိရ
Reviewed by Ar Ti
on
12:19 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment