Latest News

Sunday, January 1, 2017

Happy New Yearကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာ ၈၅ ဦး ရောက်ရှိ၊ ၄ ဦးသေဆုံး

Happy New Yearကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာ ၈၅ ဦး ရောက်ရှိ၊  ၄ ဦးသေဆုံး


ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်သည့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ လူနာ ၈၅ ဦး ရောက်ရှိခဲ့သည့်အနက် ၄ ဦးမှာ သေဆုံးလျက်ရောက်ရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ထိခိုက်ဒဏ်ရာရ ကုသဆောင်သို့ တင်ပို့ခဲ့ရသည့် လူနာအမျိုးသား ၇ ဦး၊ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ဦးနှောက်နှင့်အာရုံကြောဌာနသို့ တင်ပို့ခဲ့ရသည့်လူနာ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ခွဲစိတ်ကုသဆောင်သို့ တင်ပို့ခဲ့ရသည့် လူနာအမျိုးသမီး ၁ ဦး စုစုပေါင်း အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သူ ၃၃ ဦးကို အတွင်းလူနာအဖြစ် တင်ပို့ကုသထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ထိခိုက်ဒဏ်ရာရရှိမှုများကြောင့် အရေးပေါ်ဌာနသို့ ရောက်ရှိလာသော်လည်း ဆရာဝန်များက စမ်းသပ်ကြည့်ရှုကာ လိုအပ်သည့် ကုသမှုများ ပေး၍ ပြန်လွှတ်လိုက်သည့်လူနာ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၈ ဦး ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၄ ဦးမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာများသည် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ရောက်ရှိလာခဲ့သူများဖြစ်ကြောင်း သိရသည်။

`နှစ်သစ်ကို ကြိုဆိုတဲ့နေရာမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလည်း လိုက်နာဖို့  လိုအပ်သလို အရက်သေစာ  သောက်စားမူးယစ်ပြီး မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်အောင် ဆင်ခြင်ဖို့ လိုအပ်ကြောင်း ပြောချင်ပါတယ်'ဟု ရန်ကုန်ပြည်သူ့ဆေးရုံ၊  ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုကြေေပြောသည်။

Sources; The Myanmar Review Journal

No comments:

Post a Comment