Latest News

Wednesday, January 4, 2017

ညောင်တုန်း မြစ်ကမ်းပါး နိမ့်ကျလာ၍ လူနေအိမ် ၃၆ လုံး အရေးပေါ် ပြောင်းရွှေ့ရ

ညောင်တုန်း မြစ်ကမ်းပါး နိမ့်ကျလာ၍ လူနေအိမ် ၃၆ လုံး အရေးပေါ်ြေေပြောင်းရွှေ့ရ

မြစ်ကမ်းပါးပြိုကျနေသည့် ညောင်တုန်းမြို့နယ်ဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ − သက်ဆွေ)
ညောင်တုန်းမြို့နယ် ဆား မလောက်ကျေးရွာတွင် ပန်းလှိုင် မြစ်ကမ်းပါးနိမ့်ကျမှုကြောင့် လူနေ အိမ် ၃၆ လုံးကို အရေးပေါ်ပြောင်း ရွှေ့ထားရကြောင်း သတင်းရရှိ သည်။

ဇန်န၀ါရီ ၄ ရက် နံနက် ၄ နာ ရီခန့်တွင် အဆိုပါ မြစ်ကမ်းပါး၌ အလျားပေ ၄၀၀ ကျော်၊ အနံပေ ၆၀ ခန့်အတွင်းရှိ မြေသားများ အက်ကြောင်းထကာ တဖြည်းဖြည်းနိမ့်ကျလာသဖြင့် ယင်းကဲ့သို့အရေးပေါ် ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောသည်။

‘‘ခုဖြစ်တဲ့နေရာက အများသိအောင်ပြောရရင် ဦးသိန်းထွန်းထမင်းဆိုင် အနောက်ပါ။ မြေသားအက်နေတာတွေပေါ်လာလို့ ကျန် ခဲ့တဲ့ရက်တွေကတည်းက အိမ် ၁၁ လုံးကို ပြောင်းရွှေ့ထားပါတယ်။ ခုကပိုပြီး အခြေအနေဆိုးလာလို့ နောက်ထပ်အိမ်တွေကို ထပ်ဖျက် ပြီးပြောင်းရတာပါ’’ဟု ဦးသန့်ဇင် ၀င်းကပြောသည်။

အရေးပေါ် ဖယ်ရှားထား သည့် လူနေအိမ်များရှိ လူများကို အနီးရှိ ဘုန်းကြီးကျောင်းမြေကွက် တွင် ယာယီတဲထိုး၍ နေရာချထား ပေးပြီး လက်ရှိ၌ အရေးပေါ်ကယ် ဆယ်ရေး ပစ္စည်းများ မလိုအပ် သော်လည်း နေရာအတည်တကျ မဖြစ်မီ ၎င်းတို့အတွက် စားစရာ များထောက်ပံ့ပေးရန် လိုအပ် ကြောင်း ညောင်တုန်းမြို့နယ်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဆန်းက ပြောသည်။

လက်တွင်မြစ်ကမ်းပါးနိမ့်ကျ  လာသည့် ပန်းလှိုင်မြစ်ဘေးသည် ပုသိမ်-ရန်ကုန်ကားလမ်းမနှင့် ပေ သုံးရာခန့်အကွာ၌ ရှိသည်။ အ ဆိုပါ မြစ်၏ရေစွယ်ထိုးမှုကြောင့် ယခင်နှစ်များကလည်း ကမ်းပါး နိမ့်ကျမှုများဖြစ်ပေါ်ခဲ့သည်။ သို့သော် ဌာနဆိုင်ရာများနှင့် ဒေသ ခံများက မြစ်ကမ်းထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သဖြင့် ကမ်းပါးနိမ့်မှုရပ်တန့်နေရာမှ ယခုနှစ်တွင် ပြန်လည်ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောသည်။

ယင်းမြစ်ကမ်းပါး နိမ့်ကျမှု ကြောင့် လူနေအိမ်များအရေးပေါ် ပြောင်းရွှေ့သည်မှလွဲ၍ လူနှင့် တိရစ္ဆာန်များသေဆုံးမှု မရှိကြောင်း သိရသည်။ လက်ရှိတွင် ပြောင်း ရွှေ့ရသည့် နေအိမ်များအား အန္တ ရာယ်ကင်းသည့် နေရာ၌နေရာချ ထားရန် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Sources; 7Day News Journal

No comments:

Post a Comment