Latest News

Monday, January 30, 2017

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု လျော့ကျရေး  ရေတို၊ ရေရှည် စီမံချက်များဖြင့် အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အရည်ကြိုတွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်စီမံဆောင်ရွက်နေသည်များကို ရန်ကုန်မြို့နေ ပြည်သူများ သိရှိနိုင်ရန် စာဖတ်ပရိသတ်ကို တစ်ဆင့် ပြန်လည် တင်ပြခြင်းလည်း ဖြစ်ပါတယ်။

COE စနစ်ကျင့်သုံးတော့မလား

လတ်တလောမှာ ဆောင် ရွက်ဖို့မရှိဘဲ နိုင်ငံတကာမှာ ကျင့် သုံးနေတဲ့ COE မူဘောင်တွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ် တကျ လေ့လာပြီး ဆောင်ရွက် သွားမယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။ COE စနစ်ကိုကျင့်သုံးခဲ့ရင်လည်း ကားအသစ်စက်စက်တွေကို ဦးစားပေးသွားမှာဖြစ်ပြီး ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့ အရည်အသွေးမီတဲ့ နိုင်ငံတကာကား ကုမ္ပဏီများကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။

တခြား တိုင်းနဲ့ပြည်နယ်တွေမှာ ဘတ်စ်ကားစနစ်တွေ မဖွံ့ဖြိုး သေးတဲ့အတွက် အဲဒီဘက်တွေ မှာ ကားဈေးတွေ ပိုသက်သာ အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ရန်ကုန်မှာတော့ Public Tran-sportation ကို အထူးကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 လတ်တလောမှာ စလစ် ထုတ်ရောင်းမယ့် ဘတ်စ်ကားပိုင်ရှင်တွေ မနစ်နာအောင် ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး လက်ရှိ မှာ ရန်ကုန်လိုင်စင် ရရှိနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ ဘတ်စ်ကားပိုင်ရှင်တွေကို ဖွင့်ပေးထား မှာဖြစ်ပါတယ်။ ဘတ်စ်ကားစလစ်ကိုပဲ စနစ်တကျ လုပ်ပေးသွားမှာဖြစ်ပြီး ကားပိုင်ရှင်တွေ မနစ်နာအောင် စလစ်ဈေးကို ထိန်းပေးသွားမယ်။ ဘတ်စ်ကားကိစ္စ၊ တက္ကစီကိစ္စတွေ ဖြေရှင်း ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှ သာ စနစ်တကျ လေ့လာသုံးသပ် ပြီး COE မူဘောင်တွေကို ချမှတ်မယ်လို့ သိရှိရပါတယ်။

တက္ကစီ(စာရင်းကောက်ရင် တရားဝင် ကြေညာမယ်)

ရန်ကုန်မှာရှိတဲ့ အငှားကား တွေအားလုံးကို သန်းခေါင်စာရင်း ကောက်သလို စာရင်းကောက်ယူ သွားမယ်လို့ သိရှိရပါတယ်။ လက်ရှိ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ တဲ့ စာရင်းကောက်မယ်ဆိုတဲ့ စာတွေဟာ တရားမဝင် ပျံ့နှံ့နေ တာသာ ဖြစ်ပါတယ်။ အမှန် တကယ် စာရင်းကောက်ယူမယ့် အချိန်မှာ (၁) လွှတ်တော်ကိုယ် စားလှယ်များအား အသိပေးခြင်း၊ (၂) ဘယ်လိုအချက်တွေ ပါဝင်ပြီး ကောက်ခံမယ်ဆိုတာကို အသေး စိတ်အချက်အလက်များ ထည့် သွင်းပြီး ကက်ဘိနက် အတည်ပြု ခြင်း၊ (၃) သတင်းစာ၊ ရေဒီယို၊ တီဗီနှင့် သက်ဆိုင်ရာရုံးတွေမှာ တရားဝင်ကြေညာပေးသွားပြီးမှ စာရင်း ကောက်ခံသွားမှာဖြစ်ပါ တယ်။

တက္ကစီရှိသင့်တာထက်နည်းလား၊ရှိသင့်တာထက်များလားစစ်တမ်းကောက်မယ်

အငှားကားကိစ္စဟာ ဘတ်စ် ကားကိစ္စပြီးရင် လူထုစိတ်အဝင် စားဆုံးကိစ္စဖြစ်ပါတယ်။ ဝန်ကြီး ချုပ်အနေနဲ့ ဖေဖော်ဝါရီမှာ ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူပြီး ရန်ကုန်မြို့မှာ စစ်တမ်းတစ်ခု ကောက်ယူမယ်လို့ သိရှိရပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိ ရှိ နေတဲ့ AA,BB နဲ့ နံပါတ်အနက်ကအနီပြောင်း အငှားကားတွေ နည်းလား၊ များလားဆိုတာကို အဲဒီပညာရှင်တွေပါတဲ့ စစ်တမ်း အပေါ်မှာမူတည်ပြီး ဆုံးဖြတ်သွား မှာဖြစ်ပါတယ်။

လူဦးရေ အချိုးအစားအရ လိုအပ်တာထက်ပိုပြီး  အငှားယာဉ်တွေ ပိုမိုများပြားနေတယ်လို့ စစ်တမ်းထွက်ခဲ့ရင်တော့ အိမ်စီးကားနံ ပါတ်အနက် လူစီးကားတွေကို နံပါတ်အနီ ပြောင်းထားတဲ့ကားတွေကို ပြန်လည်လျှော့ချမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 ရန်ကုန်မြို့နေ လူဦးရေ အချိုးအစားနှင့် အငှားကားအချိုး အစားအရ နည်းတယ်လို့ စစ်တမ်းထွက်ခဲ့ရင် အငှားကားတွေ ထပ် တိုးခွင့်ပြုပေးမှာဖြစ်ပါတယ်။

လိုင်စင်မဲ့ပွားထားတဲ့ တက္ကစီတွေ ဖမ်းဆီးအရေးယူထောင်ချမယ်

 ဝစ်သောက်ကားတွေကို တက္ကစီနံပါတ်တပ်ပြီး ပြေးဆွဲနေ တာတွေရှိတဲ့အတွက် ဖမ်းဆီး အရေးယူသွားမှာဖြစ်ပြီး လူကိုပါ ဖမ်းဆီးထောင်ချသွားမှာဖြစ်ပါ တယ်။ တစ်ဆက်တစ်စပ်တည်း ရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မဲ့ ကားတွေကို စီးနင်းနေသူတွေကို ပါ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေပြီး ဖမ်းဆီးအရေးယူ သွားမှာလို့ သိရှိရပါတယ်။

အဆင့်မြင့် နည်းပညာသုံးပြီး တက္ကစီကားတွေ ခေါ်လို့ရအောင်လုပ်ပေးမယ်

ပြည်တွင်းလုပ်ငန်းရှင်များ ရေးဆွဲအသုံးပြုနေပြီဖြစ်တဲ့ Oway Ride နဲ့ နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ Uber အူဘာလိုကုမ္ပဏီတွေလည်း ဝန်ကြီးချုပ်ကို လာရောက်တွေ့ဆုံပြီး တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးဖို့ ကမ်းလှမ်းတယ်လို့ သိရှိရပါတယ်။ ယိုးဒယားနိုင်ငံမှာတော့ နံပါတ်အနက်တွေကိုပါ ခေါ်ယူငှားရမ်းနိုင်ပြီး ရန်ကုန်မှာတော့ အဲဒီလိုမဖြစ်အောင် အူဘာက စီမံဆောင်ရွက် ပေးနိုင်တယ်လို့ သိရှိရပါတယ်။ အူဘာစနစ်ကိုရန်ကုန်မြို့မှာ အကောင်အထည်ဖော်ဖြစ်ခဲ့ရင် နံပါတ်အနီ တက္ကစီတွေကိုသာ အင်တာနက်မှ တစ်ဆင့် ငှားရမ်းလို့ရအောင်ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။

 တက္ကစီနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းကို စနစ်တကျ ဖြစ်စေလိုတဲ့ စေတနာကောင်း ဝန်ကြီးချုပ်မှာ ရှိနေပါတယ်။ အငှားကား မောင်းသူတွေကို တက္ကစီ Stand တွေမှာ စနစ်တကျ ရပ်နားစေလိုပြီး ကားတွေ လမ်းပေါ်မှာ ပတ်မောင်းစရာမလိုအောင် အင်တာနက်မှတစ်ဆင့် ခရီးသည်တွေက လှမ်းခေါ်လိုက်မှ မပင်မပန်း သွားရောက်နိုင် အောင်အထိ စီမံဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။

လမ်းတွေအပေါ် အများဆုံးနေရာ ယူထားတဲ့ ကားတွေက

ရန်ကုန်မြို့ရဲ့ လမ်းတွေကို ဘတ်စ်ကားတွေက ၃၀ ရာခိုင်နှုန်းခန့် အသုံးပြုထားပြီး တက္ကစီနဲ့ အိမ်စီးကားတွေဟာ ၇၀ ရာခိုင်နှုန်းခန့်အထိရှိတယ်လို့ ဂျပန်နိုင်ငံက နိုင်ငံ တကာပညာရှင်တွေ လာရောက် ကောက်ယူထားတဲ့ စစ်တမ်းအရ အဖြေထွက်တာဖြစ်ပါတယ်။

လူပေါင်းများစွာက နေ့စဉ် ဘတ်စ်ကားကို စီးနေကြတာဖြစ် ပြီး တခြားတစ်ဖက်မှာ ကိုယ်ပိုင် ကားနဲ့ တက္ကစီစီးနင်းသူတွေကို လည်း အပြစ်ပြောလို့မရပါဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ PublicTransportation အားကောင်းလာ အားကိုးအားထားပြု လာနိုင်တာနဲ့အမျှ လူတွေဟာ ကိုယ်ပိုင်ကား စီးနင်းမှုတွေကို လျှော့ချပြီး ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ သွားလာနိုင်လာမှာဖြစ်ပြီး တစ်ဖက်မှာလည်း မလိုအပ်ဘဲ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထပ်မံပြီးပြောပြပါတယ်။

နယ်ကားတွေ မြို့ဝင်ကြေး ကောက်ခံမယ့်ကိစ္စ

ရန်ကုန်လိုင်စင်မဟုတ်တဲ့ ကားတွေကို မြို့ဝင်ကြေးကောက်၊ မကောက်နဲ့ ပတ်သက်ပြီးတော့ လည်း ဖြေကြားပေးခဲ့ပါတယ်။ အစိုးရအဖွဲ့ဖြစ်တဲ့အတွက် ဘတ် ဂျက်နဲ့သွားရပါတယ်။ ကက်ဘိ နက်မှာ ဆွေးနွေးတိုင်ပင်ရဦးမှာ ဖြစ်ပြီး မြို့ဝင်ကြေးကောက်မလား၊ မကောက်ဘူးလားဆိုတာကို ဧပြီလဘတ်ဂျက်မတိုင်ခင်မှာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

နယ်ကားတွေ မြို့ပြင်ထားခဲ့ရမှာလား

နယ်ကားတွေ ရန်ကုန်လာ ရင် မြို့ပြင်မှာ ထားခဲ့ရမှာလား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုး၊ Income Status ဘယ်လောက်ရှိသလဲဆိုတာတွေ တွက်ချက်ရပါသေးတယ်။ ရန်ကုန်မှာ ချက်ချင်းကျင့်သုံးဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ဆိုပါတယ်။

အတင်းအကျပ် မြို့ထဲမဝင်ရစနစ်ကို ကျင့်သုံးမှာမဟုတ်ဘဲ မြို့ထဲဝင်မယ်ဆိုရင် ပိုက်ဆံတွေအများကြီးကျမယ်ဆိုတာမျိုးပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်လိုင်စင်မဟုတ်တဲ့ကားတွေ မြို့ပြင်မှာ ထားခဲ့မယ်ဆိုရင်လည်း ကားတွေကို ရပ်နားထားဖို့ ကားကွင်းတွေ သေချာလုပ်ပေးရပါမယ်။ အချိန်နဲ့တစ်ပြေးညီရှိတယ်။ အချိန်ယူပြီး ဆောင်ရွက်ရပါဦး မယ်။ တစ်နှစ်ကျော်လောက်အထိ ကြန့်ကြာနိုင်ပါတယ်လို့ သိရပါတယ်။

YBS အတွက် ကားတွေ ဒီလိုဝယ်မယ်

ရန်ကုန်ဘတ်စ်ကားတွေကို လည်း တဖြည်းဖြည်းချင်း မော် ဒယ်မြင့် ကားအသစ်တွေနဲ့ အစား ထိုးလဲလှယ်သွားမှာဖြစ်ပြီး ၆၀ ဘီလီယံဖိုးအထိ ကားအသစ်တွေ ဝယ်ယူမှာဖြစ်ပြီး အဲဒီဝယ်လိုက် တဲ့ကားတွေ စနစ်တကျရပ်နားဖို့ ကားရပ်နားကွင်းတွေကို ၁၀ ဘီလီယံအထိသုံးပြီး အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ ကား တွေ ဝယ်ယူတဲ့အခါမှာ G to G စနစ်နဲ့ ဝယ်ယူသွားမယ်လို့လည်း သိရှိရပါတယ်။ GPS စနစ်ကိုတော့ ဘတ်စ်ကားတိုင်းမှာ မဖြစ်မနေ တပ်ဆင်သွားမှာဖြစ်ပြီး လက်ရှိလည်း တပ်ဆင်နေတယ်လို့ သိရှိရပါတယ်။

ပြန်ရောင်းချင်တဲ့ ဘတ်စ်ကား ပိုင်ရှင်တွေရှိရယ်ဝယ်မယ်

  ၉၅ မော်ဒယ်အထက် ဘတ်စ်ကားပိုင်ရှင်တချို့က ပြန် ရောင်းချင်တယ်ဆိုရင်လည်း အစိုးရပိုက်ဆံနဲ့ ဝယ်ယူပေးသွား မယ်။ အဲဒီကားတွေက စလစ် လည်း ထုတ်လို့မရဘူး။ (အေ) (ဘီ) (စီ) သုံးတန်းခွဲပြီး ရာဖြတ် သတ်မှတ်သွားမယ်။ ရာဖြတ် သတ်မှတ်တဲ့အချိန်မှာ မျှတတဲ့ ဈေးနှုန်းတွေ ဖြစ်စေချင်တယ်။ ဘတ်စ်ကားပိုင်ရှင်တွေအတွက် လည်း မျှတတဲ့ ဈေးနှုန်းဖြစ်စေချင် တယ်။ ပြင်ပ လွတ်လပ်တဲ့ အခြေအနေမှာ စောင့်ကြည့်ပေး စေချင်တယ်။YBS ကို ဒီလိုအကောင်အထည် ဖော်မယ်

 အခုလောလောဆယ်မှာ တော့ ဟောင်းနွမ်းပြီး အဆင့် အတန်းမမီတဲ့ ဘတ်စ်ကားတွေကို လေ့လာဆန်းစစ်သွားမှာဖြစ်ပြီး ကားအသစ်တွေနဲ့ အစားထိုးသွား မှာဖြစ်ပါတယ်။ YBS ကို အများ ပိုင်စနစ်ဖြင့် အကောင်အထည် ဖော်ရာတွင် တစ်စီးတည်းပိုင်သူ များအနေဖြင့်လည်း အစုရှယ်ယာ အနေဖြင့် ပါဝင်ခွင့်ရမှာဖြစ်ပြီး ကျွမ်းကျင်တဲ့ လူငယ်တွေကို နေရာပေးမှာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဘတ်စ်ကားပိုက်ဆံကောက်ရင် ဒီလိုစနစ်သုံးမယ်

လက်ရှိအချိန်မှာ ကားပေါ် တက် ၁၀၀ ကောက်၊ ၂၀၀ ကောက်စနစ်ဖြစ်နေပေမယ့် မိမိ သွားသလောက် အကွာအဝေး အတိုင်းသာ ပေးချေရတဲ့ Distance Payment ကတ်စနစ်ကို ပထမ သုံးလအတွင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ သိ ရှိရပါတယ်။ ဘတ်စ်အော်ပရေ တာကနေ ထိန်းချုပ်သွားမှာဖြစ် ပြီး ကတ်နဲ့ငွေပေးချေလို့ရတဲ့စနစ် ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ငွေပေးငွေယူစနစ်ဖြစ် တဲ့အတွက် ဗဟိုဘဏ်နဲ့ပါ ချိတ်ဆက်ပြီး ညှိနှိုင်းနေရတဲ့ အပိုင်းတွေရှိတယ်လို့ သိရှိရပါတယ်။ နောက်ပိုင်းမှာ ရထားပဲစီးစီး၊ ကားပဲစီးစီး၊ Water တက္ကစီပဲစီးစီး အလွယ်တကူ ကတ်စနစ်နဲ့ ငွေပေးချေနိုင်သွားမှာ ဖြစ်ပါတယ်။

CNG လွတ်လပ်စွာ ဝယ်ယူခွင့်ပြုမယ်

 ရန်ကုန်မှာ  ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို CNG လို အပ်သလောက်ကို လွတ်လပ်စွာ ဝယ်ယူခွင့်ပြုသွားနိုင်ရန်အတွက် အစိုးရအဖွဲ့အနေနဲ့ MOGEနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါ တယ်။

CNG အိုးတွေ လုံလောက်စွာ တပ်ဆင်ပြေးဆွဲခိုင်းမယ်

လက်ရှိ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေဟာ CNG တစ်ခါ ဖြည့်ပြီးရင် တစ်နေကုန် မပြေးဆွဲ နိုင်ပါဘူး။ အကြောင်းကတော့ ယခင်အချိန်တုန်းက စီအင်န်ဂျီအိုး တွေကို ကန့်သတ်ပြီး တပ်ခိုင်းတဲ့ အတွက် စီအင်န်ဂျီမလုံလောက်ဖြစ်ပြီး ကုန်ကုန်သွားတဲ့အတွက် ဖြစ်ပါတယ်။ ယခုအခါမှာ စီအင်န်ဂျီအိုးတွေကို ထပ်မံတပ်ဆင်ခိုင်း နေပြီး တစ်ခါဖြည့်ပြီးရင် တစ်နေ ကုန် မောင်းနှင်နိုင်အောင် ဆောင် ရွက်ပေးမှာဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်အနေဖြင့် စာဖတ် ပရိသတ်များက တချို့အသုံးအ နှုန်းများအပေါ်တွင် အငြင်းပွား ဖွယ်ဖြစ်လာလျှင် ဝန်ကြီးချုပ်၏ ဆိုလိုရင်းကို အပြည့်အဝ မတင်ပြနိုင်တဲ့ စာရေးသူအပေါ်တွင်သာ တာဝန်ရှိကြောင်းလည်း သိရှိစေလိုပါတယ်။

ရန်ကုန်မြို့နေ ပြည်သူများ မချစ်သော်လည်း အောင့်ကာနမ်း ခဲ့ရသည့် အဖွဲ့အစည်းတစ်ရပ်၏ အခန်းကဏ္ဍအား တစ်ခန်းရပ်စေ ၍ စည်းကမ်းနှင့် ညီညွတ်သော၊ စနစ်ကျသော၊ ယာဉ်ကြောဆိုး ရွားစွာ ပိတ်ဆို့နေမှုကို လျော့ကျ စေသော၊ အဆင့်အတန်းပိုမိုမြင့် မားသော၊ Public Transporta-tion ပိုမိုကောင်းမွန်ပြီး ရန်ကုန်မြို့နေ ပြည်သူများ အဆင်ပြေချော မွေ့စွာသွားလာနိုင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေဖြင့် အား သွန်ခွန်စိုက် ဆောင်ရွက် နေပါတယ်။

အပြောင်းအလဲကာလတွင် သာမန်ပြည်သူများ၏ သွားလာရ ခက်ခဲမှု၊ အချိန်ပေးနေရမှုများနှင့် မြို့နေ ပြည်သူများက အစိုးရအဖွဲ့ နှင့်အတူ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်နေသည်များကို ဝန်ကြီးချုပ်က အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို သိရှိခဲ့ရပါကြောင်းနှင့် နိဂုံးချုပ်လိုက်ပါတယ်။  ။

Sources: : 7Day News Journal

No comments:

Post a Comment