Latest News

Monday, January 30, 2017

ဦးကိုနီ ဈာပန အခမ်းအနားရောက် သူတို့အသံ


ဦးကိုနီ ဈာပန အခမ်းအနားရောက် သူတို့အသံ

“ဒီလုပ်ရပ်က အင်မတန်ဆိုးရွားတဲ့လုပ်ရပ် အဆင့်အတန်း မရှိတဲ့ လုပ်ရပ် ဖြစ်ပါတယ်”


ဦးဉာဏ်ဝင်း
( အန်အယ်လ်ဒီ အတွင်းရေးမှုး)

“ဘယ်သူမှ မတွေ့ချင်တဲ့နေ့တစ်နေ့” နိုင်ငံရေးနှင့် သက်ဆိုင်သလား ဟု မေးမြန်းမှုကို “အခုနေတော့ မပြောနိုင်သေးဘူး”

ဘိုဖြူ
( အဆိုတော် )

“တကယ်ကို အကြမ်းဖက်လူသတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စအပေါ် ရှုတ်ချပါတယ်။ အခုအခြေအနေက ပညာတက်ကို မလိုချင်တဲ့ အနေအထားဖြစ်နေတယ်။ ဒီကိစ္စကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် မကောင်းဘူး။ အလွန် အင်မတန်ဝမ်းနည်းတယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူ့အတွက် လုံခြုံရေးက အင်မတန်စိုးရိမ်ရတယ်။ ဒီလုပ်ရပ်က အင်မတန်ဆိုးရွားတဲ့ လုပ်ရပ်၊ အဆင့်အတန်း မရှိတဲ့လုပ်ရပ် ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဘာရန်ငြိုးရန်ဖွဲ့မှ မရှိတာကို လုပ်တာက အင်မတန်ဆိုးရွားပါတယ်။ ဒီအခြေအနေကို သုံးသပ်ရရင် ကျွန်တော်တို့ဆီမှာ ပညာတတ် အလွန်ရှားသွားနိုင်တယ်။ ပညာတတ်ကို မလိုချင်တဲ့ အတိုင်းအတာတွေ ဖြစ်နေတယ်။ အဲ့ဒီ စိတ်ဓာတ်ရှိသူတွေ အများကြီးကလည်း ပညာတတ်တစ်ယောက် လျော့တဲ့အတွက် အခြေအနေက မကောင်းပါဘူး”

Sources: : The Ladies News

No comments:

Post a Comment