Latest News

Monday, January 2, 2017

ရုရှသံဝန်ထမ်းတွေ အမေရိကန်ကနေ ထွက်ခွာသွားပြီ။

ရုရှသံဝန်ထမ်းတွေ အမေရိကန်ကနေ ထွက်ခွာသွားပြီ။

သမတအိုဘားမားက နှင်ထုတ်ခဲ့တဲ့ ရုရှားသံတမန် ၃၅ ယောက်ဟာ ဇန်န၀ါရီလ-၁ ရက် တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စုကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

သံရုံးဝန်ထမ်းတွေကို ပြန်ခေါ်ဖို့အတွက် ရုရှအစိုးရက ချက်ချင်း လေယဉ်စီစဉ်ပေးခဲ့ပါတယ်။

ဇန်န၀ါရီလ-၁ ရက်နေ့မှာတော့ နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တွေနဲ့ သူုတို့ရဲ့ မိသားစုတွေလိုက်ပါတဲ့ လေယဉ်ဟာ ၀ါရှင်တန်မြို့တော်ကနေ ထွက်ခွာလာပြီလို့ ရုရှားသံရုံးပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရုရှားသတင်းမီဒီယာတွေမှာဖော်ပြပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၆-အမေရိကန်သမတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဒီမိုကရက်တစ်ပါတီနဲ့ သမတလောင်း ဟီလာရီကလင်တန်ရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး အရေးကြီး အချက်အလက်တွေကို ခိုးယူခဲ့ပါတယ်။

အဲ့ဒီ့နောက် ဒီမိုကရက်သမတလောင်း ကလင်တန်ရှုံးနိမ့်ပြီး ရီပတ်ဘလစ်ကန် သမတလောင်း ထရမ့်နိုင်အောင် ရုရှစပိုင်တွေက ၀င်ရောက်စွက်ဖက်ခဲ့တာကို CIA-က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီ့အတွက် သမတ-အိုဘားမားအကြီးအကျယ်စိတ်ဆိုးပြီး အမေ၇ိကန်ပြည်ထောင်စုမှာရှိတဲ့ ရုရှသံဝန်ထမ်းအားလုံးကို ၇၂-နာရီအတွင်း တိုင်းပြည်ကနေချက်ချင်းထွက်ဖို့ နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။

Sources; Aye Aye Mon DVB journalist

No comments:

Post a Comment