Latest News

Sunday, January 22, 2017

အမြန်လမ်းပေါ် ဖြတ်သန်းခွင့်မရှိသည့် ယာဉ်များကို စတင်စစ်ဆေး

အမြန်လမ်းပေါ် ဖြတ်သန်းခွင့်မရှိသည့် ယာဉ်များကို စတင်စစ်ဆေး



 ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်ပွားနှုန်းလျော့နည်းစေရန် အမြန်လမ်းပေါ် တက်ရောက်ခွင့်မရှိသည့် ယာဉ်များကို ဇန်န၀ါရီ ၁၅ရက်က စ၍ အမြန်လမ်းယာဉ်ဖြတ်သန်း ခွင့် ကောက်ခံရေးဂိတ်များ၌ စစ် ဆေးနေကြောင်း သတင်းရရှိ သည်။

ယင်းသို့ဂိတ်များတွင် စစ် ဆေးပြီးမှ ဖြတ်သန်းမောင်းနှင်ခွင့် ပြု၍ သတ်မှတ်စည်းကမ်းအတိုင်း ခွင့်ပြုထားသည့် ယာဉ်များသာ မောင်းနှင်ဖြတ်သန်းနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူး ရန် နောင်မင်းက ပြောသည်။

‘‘သတ်မှတ်ထားတဲ့ အ ချက်ခြောက်ချက်ရှိတယ်။ ဒီအ ချက်တွေနဲ့ မပြည့်စုံတဲ့ယာဉ်တွေ ကိုတော့ အမြန်လမ်းကနေဖြတ် သန်းခွင့်မပြုပါဘူး။ အဓိကရည် ရွယ်ချက်ကတော့ ယာဉ်မတော် တဆမှုတွေ လျော့နည်းစေဖို့အ တွက်လုပ်တာပါ။ ဖြတ်သန်းရေး ဂိတ်တွေမှာ စစ်ဆေးပြီးမှ လွှတ် တဲ့အတွက် အချက်ခြောက်ချက်နဲ့ မညီတဲ့ကားတွေတော့မရှိပါဘူး’’ ဟု ၎င်းကပြောသည်။

ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အမြန်လမ်းပေါ် တွင် တက်ရောက်မောင်းနှင်ခွင့် မပြုသည့် ယာဉ်အမျိုးအစား ခြောက်မျိုးမှာ ယာဉ်နံပါတ်မပါ သည့်ယာဉ်၊ယာဉ်နံပါတ်ပြားတပ် ဆင်ထားသော်လည်း သိသာထင် ရှားစွာမမြင်ရသည့် ယာဉ်၊ ယာဉ် တွင်သတ်မှတ်ထားသည့် မီးများ မပါရှိခြင်း၊ သတ်မှတ်တန်ချိန် နှင့်သတ်မှတ်ကုန်စည်မဟုတ် သည့် ယာဉ်၊ သတ်မှတ်ရောင်ပြန် မတပ်ဆင်ထားသည့် ယာဉ်နှင့် ကြံ့ခိုင်မှုမပြည့်သည့် ယာဉ်များ ကို မောင်းနှင်ဖြတ်သန်းခွင့်မပြု တော့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထား သည်။

ယာဉ်နံပါတ်မပါရှိသည့် မော်တော်ယာဉ်များအနေဖြင့် အ မြန်လမ်းမှ ဖြတ်သန်းမောင်းနှင်လို ပါက ထောက်ကြန့်(ကညန) ရုံး တွင် ယာယီနံပါတ်ပြားထုတ်ယူ ကာ မောင်းနှင်နိုင်ကြောင်း အမြန် လမ်းတွင် ဖြတ်သန်းမောင်းနှင်နေ သူတစ်ဦးကပြောသည်။

အမြန်လမ်း၌ ၂၀၁၃ တွင် တစ်ရက်လျှင် ယာဉ်အစီးရေ ၉၅၀၀ ကျော်၊ ၂၀၁၄ တွင် ယာဉ်အစီးရေ ၁၂,၀၀၀ ကျော်၊ ၂၀၁၅ တွင် ယာဉ်အစီးရေ ၁၄,၀၀၀ နှင့် ၂၀၁၆ တွင် ယာဉ် ၂၀,၀၀၀ ကျော်နေ့စဉ်ဖြတ်သန်းသွားလာ နေပြီး ပိတ်ရက်များ၌ အစီးရေ ၃၀,၀၀၀ ကျော် ဖြတ်သန်းသွားလာ နေသည်။



Sources: 7Day News Journal


No comments:

Post a Comment