Latest News

Sunday, January 1, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား


 ၂၀၁၇ ခုနှစ် နှစ်သစ်အခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် တကွနိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံး ရွှင်လန်းဝမ်းမြောက်ကြပါစေ ကြောင်းဦးစွာ ပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

 ယခုနှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်း တွေ သယ်ဆောင်လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားကြရဦးမှာ ဖြစ်ပါတယ်။

 တည်ငြိမ်အေးချမ်းခြင်းဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်တာနဲ့အညီ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးကို ပြည်သူအားလုံးမှ စည်းလုံး ညီညွတ်မှုဖြင့် ၀ိုင်းဝန်းတည်ဆောက်ကြဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ အားလုံးပါဝင်ကူညီကြဖို့ နှိုးဆော်အပ်ပါတယ်။

 နှစ်သစ်မင်္ဂလာအခါသမယမှာ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် သာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Sources; သမ္မတရုံး

No comments:

Post a Comment