Latest News

Monday, January 16, 2017

* အမှန်တရားဟာ အင်အားကြီးတဲ့ လက်နက်တစ်ခုပဲ *

* အမှန်တရားဟာ အင်အားကြီးတဲ့ လက်နက်တစ်ခုပဲ  *

ကလေးတစ်ယောက်ဘဝမှာ ကျွန်မက ကစားတာကို အများကြီး ပိုစိတ်ဝင်စားပါတယ်.. ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မက အဆင့်တွေကို ဖြတ်သန်းခဲ့ပါတယ်.. ကျွန်မထင်တယ်.. ကျွန်မ ပထမဆုံး အလေးအနက်ထားတဲ့ ရည်မှန်းချက်က စာရေးဆရာတစ်ယောက် ဖြစ်ချင်တာပဲ.. အဲဒါဟာ ကျွန်မ စာကြမ်းပိုးတစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်နဲ့ စာအုပ်ကမ္ဘာကြီး တစ်ခုကို ကျွန်မ စပြီးတွေ့ရှိခဲ့ရတဲ့ အချိန်ပဲလို့ ကျွန်မထင်တယ်..

ဒီမတိုင်ခင်ကတော့ ကျွန်မက ကလေးစာအုပ်တွေပဲ ဖတ်ခဲ့ရပြီး တကယ့်စာအုပ်လို့ ကျွန်မခေါ်ရမယ့် စာအုပ်မျိုးတွေကို ကျွန်မ မတွေ့ရှိသေးဘူးပေါ့.. ကျွန်မ ၁၂ နှစ်- ၁၃ နှစ် သမီးရောက်မှ ဂန္ထ၀င် စာအုပ်တွေကို စဖတ်ခဲ့ရတာပါ.. ဒါကြောင့် ကျွန်မ ၁၄ နှစ်သမီးရောက်တော့ တကယ့်စာကြမ်းပိုးတစ်ယောက် ဖြစ်နေပါပြီ..

ဥပမာပြောရရင် ကျွန်မ- ကျွန်မ မေမေနဲ့ ဈေးဝယ်လိုက်တဲ့အခါ စာအုပ်တစ်အုပ်ကို ယူသွားတတ်နေပြီ.. သွားနေတဲ့ကားတစ်စီးပေါ်မှာ ကျွန်မ စာမဖတ်တတ်ဘူး.. ကျွန်မ ပျို့ ချင်အံချင် ဖြစ်လာတတ်တယ်.. ဒါပေမဲ့ တစ်နေရာမှာ ကားကရပ်သွားတာနဲ့ မီးပွို င့်လိုနေရာမျိုးဖြစ်ဖြစ် ကျွန်မက စာအုပ်ဖွင့်ပြီး စာစဖတ်တော့တာပဲ.. နောက်တစ်ကြိမ် ရပ်မှာကို ကျွန်မ မစောင့်နိုင်တော့ဘဲ စာအုပ်ပြန်ပိတ်ရပြန်တာပေါ့လေ..

အမှန်တော့ ကျွန်မ ၁၀ နှစ် ၁၁ နှစ် သမီးလောက်က စစ်တပ်ထဲကို ဝင်ချင်ခဲ့ပါတယ်.. အဲဒီအချိန်က စစ်တပ်ဆိုတာက တကယ့်လေးစားဂုဏ်ယူထိုက်တဲ့ အဖွဲ့အစည်းတစ်ခုပဲလေ.. ကျွန်မ ဖေဖေတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကိုး.. ကျွန်မက ဗိုလ်ချူ ပ်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်.. အဲဒါဟာ တိုင်းပြည်ကို အကောင်းဆုံးအလုပ်အကျွေးပြုတဲ့နည်းလမ်းလို့ ကျွန်မ ထင်ခဲ့တယ်လေ.. အဲဒါကြောင့် ကျွန်မက စစ်တပ်ကို အများကြီး ချစ်ခင်လေးစားခဲ့တယ်ဆိုတာ တကယ့်အမှန်တရားလို့ ပြောနိုင်တယ်.. ကျွန်မက မဟုတ်တာ ပြောခဲ့တာ မဟုတ်ပါဘူး.. ကျွန်မ တစ်ချိန်တုန်းက အဲဒါဟာ တိုင်းပြည်ကို အလုပ်အကျွေးပြု တဲ့နည်းလမ်းလို့ တကယ်ပဲ ထင်ခဲ့တာပါ.. အခုထိလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိခဲ့ရင် စစ်တပ်ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြု ရမယ့် အဖွဲ့အစည်းပဲ.. ပြည်သူတွေဆီက ရယူဖို့ မဟုတ်ဘူးလေ...

ရိုးသားဖြောင့်မတ်မှုနဲ့ စိတ်ကောင်းစေတနာအပြည့်ရှိတဲ့သူတွေဟာ တခြားသူတွေကို ရင်ဆိုင်ရမှာကို မကြောက်ပါဘူး.. ကျွန်မ ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်တာက ကျွန်မရဲ့  ငြိမ်/ပိအဖွဲ့နဲ့ ဆက်ဆံမှုတွေမှာ အမြဲတမ်းရိုးသားပါတယ်.. သူတို့ လုပ်ခဲ့တဲ့အပေါ် ကျွန်မ သိပ်စိတ်ဆိုးတဲ့အခါတွေလည်း ရှိပါတယ်.. ဒါပေမဲ့ ကျွန်မက သူတို့အပေါ်ထားတဲ့ စိတ်ရင်းစေတနာက ဘယ်တော့မှ ပျောက်ပျက်မသွားခဲ့ပါဘူ.. ကျွန်မက အမြဲမှန်တယ်လို့တော့ မပြောပါဘူး.. ကျွန်မ တချို့ နေရာတွေမှာ မှားတယ်လို့ သူတို့ပြောလာမှာကို လက်ခံဖို့ ပြင်ဆင်ထားပါတယ်.. ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်မက သူတို့နဲ့ ရင်ဆိုင်ရမှာကို မကြောက်ပါဘူး...

ကျွန်မကို "ငြိမ်/ပိအဖွဲ့နဲ့ ဆက်ဆံတဲ့အခါ ရိုးသားဖို့ မကြိုးစားပါနဲ့- သူတို့က မရိုးသားတဲ့လူတွေပဲ သူတို့ဥပဒေသအတိုင်း လိုက်ကစားရုံပဲ" လို့ ပြောတဲ့သူတွေရှိပါတယ်.. ဒါပေမဲ့ အဲဒီအကြောင်းပြမှုကို ကျွန်မက အမြဲပဲ ငြင်းဆန်ခဲ့ပါတယ်.. တကယ်လို့ သူတို့က လှည့်စားမယ်.. ကျွန်မကလည်း လက်တုံ့ပြန် လှည့်စားမယ်ဆိုရင် ကျွန်မတို့ ယုံကြည်မှုရှိတဲ့ အနေအထားကို ဘယ်လိုလုပ် ရောက်နိုင်တော့မှာလဲ.. သူတို့က ကျွန်မကို လှည့်စားမယ်ဆိုရင် ကျွန်မက သူတို့ကို မလှည့်စားဘူးဆိုတာက ပိုအရေးကြီးပါတယ်..

 The Voice of Hope (Alan Clements)
မောင်စိုးသစ် ဘာသာပြန်သည်..
ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment