Latest News

Saturday, January 7, 2017

လိုင်စင်မဲ့အရက်ဆီဂါလံ ၅၀၀၀ သယ်ဆောင်လာသူကို ကြံခင်းရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

လိုင်စင်မဲ့အရက်ဆီဂါလံ ၅၀၀၀ သယ်ဆောင်လာသူကို
ကြံခင်းရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ



ကြံခင်း ဇန်နဝါရီ ၇ ရက်။

လိုင်စင်မဲ့အရက်ဆီ ပေပါ အလုံး ၂၀ဝ ကို
ကုန်တင် ၁၂ ဘီးကားဖြင့် သယ်ဆောင်လာသူအား
ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့က ယမန်နေ့တွင်
ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

့ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီအချိန် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သိန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ ဘက်ရဲနယ်မြေရဲစခန်းမှ ဒုရဲအုပ် နေလင်းစိုးနှင့်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ သက်သေများနှင့်အတူ အုတ်ပုံစစ်ဆေးရေးဂိတ်အနီး၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၀/၀) တွင် ကားများအားရပ်တန့်စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ယာဉ်မောင်း ဇော်ဝင်းမောင်(ဘ)ဦးထွန်းအောင်၊ အမှတ်(၂)ရပ်ကွက်၊ မင်းလှမြို့၊ မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6E/7756 fuso (၁၂)ဘီးအပြာရောင်ယာဉ်ပေါ်တွင်(၅၀)ဂါလံဝင် ပလပ်စတစ်ပေပါအပြာရောင်ဖြင့်ထည့်ထားသည့်
လိုင်စင်မဲ့အရက်ဆီပေပါ(၁၀၀)လုံး စုစုပေါင်း(၅၀၀၀)ဂါလံ၊ ကာလတန်ဘိုးငွေ(၂၆၀)သိန်း ခန့်အား သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့ကြသည်။

အဆိုပါယာဉ်အား တာဝန်ရှိသူများက ဆက်လက် စစ်ဆေးရာ သယ်ဆောင်သည့်ယာဉ်အမျိုးအစား၊ ယာဉ်အမှတ်၊ သယ်ဆောင်ခွင့်ပြုသည့်အရေအတွက်တို့
တူညီခြင်းမရှိသည့် အခြားသယ်ဆောင်ခွင့်ပြုချက်တစ် စောင်ဖြင့် သယ်ဆောင်လာကြောင်း တွေ့ရှိရ၍  သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ပြီး လိုင်စင်မဲ့အရက်ဆီပေပါများ သယ်ဆောင်လာသူ ဇော်ဝင်းမောင်အား ဘက်ရဲနယ်မြေရဲစခန်း(ပ)၆/၂၀၁၇၊ ယစ်မျိုးဥပဒေပုဒ်မ-၃၀(က)ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း၏
ညွှန်ကြားမှုဖြင့် တိုင်းအနှံ့အပြားတွင် လိုင်စင်မဲ့ အရက်များ သိုလှောင်သိမ်းဆည်း ရောင်းချသူ
အရက်တုထုတ်လုပ်သူများအား ဖမ်းဆီးအရေးယူမှုများ
ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း အတွင်းက လိုင်စင်မဲ့အရက် ကျပ်သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့သလို အရက်တုထုတ်လုပ်သည့် စက်ရုံတချို့ကိုလည်း အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Sources; The Ayeyarwaddy Times ဓါတ်ပုံ - ဧရာဝတီတိုင်းရဲတပ်ဖွဲ့

No comments:

Post a Comment