Latest News

Monday, January 9, 2017

ထိုင်းရုပ်သံအစီအစဉ်တစ်ခုတွင် ဘောလုံးစွမ်းရည်ပြသခဲ့တဲ့အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့ မြန်မာနွယ်ဖွား မွန်လူမျိုးကလေး

ထိုင်းရုပ်သံအစီအစဉ်တစ်ခုတွင် ဘောလုံးစွမ်းရည်ပြသခဲ့တဲ့အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့ မြန်မာနွယ်ဖွား မွန်လူမျိုးကလေး

၉၊ ဇန်နဝါရီ၊၂၀၁၇

မြန်မာအားကစားကမ္ဘာကိုလွှမ်းရမယ့်ဆိုတဲ့အတိုင်းမွန်လူမျိုးလေး ဘောလုံးပါရမီရှင်ဆူဝင်ဟာ ထိုင်းရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ (Workpoint) ရုပ်သံဖျော်ဖြေရေး မှာ သူ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ဘောလုံးစွမ်းရည်တွေကို ပြသ သွားခဲ့တဲ့လို့ ဘန်ကောက်သတင်းမီဒီယာ တစ်ခုမှဖော်ပြထားပါတယ်။ ဆူဝင်ဟာမြန်မာနိုင်ငံ သား မွန်လူမျိုးတစ် ဦးဖြစ်တယ်လို့ ထိုင်းဘာသာစကားနဲ့မိတ်ဆက်ခဲ့သလို မွန် ဘာသာနဲ့နှုတ်ဆက်ခဲ့တာကိုလည်း ရုပ်သံဗီဒီယိုဖိုင် မှာတွေ့ရပါတယ်။
-----
 မွန်လူမျိုးလေးဆူဝင်ဟာ (Workpoint) ရုပ်သံဖျော်ရေးအစီအစဉ်မှာ ဂိုးဘားတန်းကိုကြိမ်စလုံးထိအောင်ကန် နိုင်တာကလည်း အံ့သြဖွယ်ကောင်း
လောက်ပါတယ်။  ထိုင်းအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသ မားဟောင်းတစ်ဦးဖြစ်တဲ့ ဆုတီး ဆပ်ဆွန်ကစ်ဟာ မွန်လူမျိုးလေးဆူဝင် ရဲ့ ရုပ်သံဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ ‘ဂိုးဘားတန်းကို ထိအောင်ကန်နိုင်တယ်ဆို တာ အမှန်တကယ်တော့မလွယ်ကူပါဘူး’လို့ပြောကြားသွားခဲ့ပါတယ်။
-----
မွန်လူမျိုးလေးဆူဝင်(နွန်ပီး)က သူအားကျရတဲ့ ကစားသမားက ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဖြစ်ပါတယ်လို့ဆိုပါတယ်။ ရုပ်သံအစီအစဉ် မှာ တင်ဆက်ကြတဲ့ ဒိုင်တွေရော ကြည့်ရှုနေကြတဲ့ ပရိသတ်တွေပါ သူ့ရဲ့
ဘောလုံးစွမ်းရည်ပြကွက်မှာ အံ့အားတသင့်နဲ့ ချီးကျူးခဲ့ကြတာကိုလည်းတွေ့ရ ပါတယ်။ ထိုင်းပြည်တွင်း ဘောလုံးအကယ်ဒမီမှနည်းပြဖြစ်သူ ဆွန်ဘတ် လီကူမာ့ကတော့ မွန်လူမျိုးလေးဆူဝင်(နွန်းပီး)ကို ငှားရမ်းလေ့ ကျင့်ဖို့ငယ် ပါသေးတယ်လို့ ပြောကြားထားတာကိုလည်းတွေ့ရပါတယ်။
----
 ဒီရုပ်သံဗွီဒီယိုဖိုင်ကို Workpoint ရုပ်သံဖျော်ဖြေရေးအစီအစဉ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှ တဆင့် မျှဝေခဲ့ချိန်မှာတော့ ပရိသတ်ပေါင်း ၅ သန်းနီးပါး ဝင်ရောက်ကြည့်ရှုခဲ့ကြကာ ၁ သိန်း ၆ သောင်း ၅ ထောင်
လောက်က ပြန်လည်မျှဝေခဲ့ကြတာပါ။
----
ခုလို စွမ်းရည်ပြသနိုင်တဲ့ ဘောလုံးပါရမီရှင် ကလေးငယ်ဟာ အနာဂတ်ကာလ ကျရင် ဘယ်နေရာမှာ ရှိနေမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Sources & Photo - Google/DVB

No comments:

Post a Comment