Latest News

Wednesday, January 4, 2017

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ မသင်္ကာသူ ၄ ဦးနှင့် လုပ်သေနတ် ၁၄ လက် ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ မသင်္ကာသူ ၄ ဦးနှင့် လုပ်သေနတ် ၁၄ လက် ဖမ်းဆီးရမိ



ဇန်န၀ါရီ ၄၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ စစ်သင်တန်းပို့ချသူ ၁ ဦး၊ စစ်သင်တန်းတက်ရောက်ပြီးသူ ၃ ဦးနှင့် လုပ်သေနတ် ၁၄ လက် ကို ဇန်န၀ါရီ ၄ ရက် မွန်းလွဲပိုင်း တွင် ဖမ်းဆီးရမိသည်။

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာတွင် စစ်သင်တန်း တက်ရောက် ပြီး သူများနှင့် လက်နက် များ ရောက်ရှိနေကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဇန်န၀ါရီ ၄ ရက် နံနက် ၃နာရီခွဲတွင် အဆိုပါကျေးရွာသို့ ရောက်ရှိဖြန့်ခွဲ ပိတ်ဆို့ရှင်းလင်းရာ စစ်သင်တန်းပို့ချသူ မာမက်ကာရက်နှင့် သင်တန်းတက်ရောက်ပြီး သူ ကူမူရူး၊ ဒီမာမွတ်နှင့် မာဒူလားတို့ လေးဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား စစ်ဆေးဖော် ထုတ်ချက် အရ မွန်းလွဲ ၂နာရီခန့်တွင် ဒီမာမွတ်၏ ကွမ်းခြံတွင် မြွေရေခွံ အိတ်ဖြင့် ထုပ်၍ မြေတွင်မြှုပ်ဝှက်ထားသော လုပ်သေနတ် ၁၄ လက် ဖော်ထုတ် သိမ်းဆည်းရမိသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့် အညီ ဆောင် ရွက် သွားမည် ဖြစ်ကြောင်းနှင့် သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

Sources; State Counsellor Office Information Committee

No comments:

Post a Comment