Latest News

Wednesday, January 4, 2017

အခြေခံပညာအတန်းတင်စာမေးပွဲတွေ ဖေဖော်ဝါရီ ၂၁ စတင်ဖြေဆိုဖို့ သတ်မှတ်

အခြေခံပညာအတန်းတင်စာမေးပွဲတွေ ဖေဖော်ဝါရီ ၂၁ စတင်ဖြေဆိုဖို့ သတ်မှတ်

ရန်ကုန်၊ ဇန်နဝါရီ ၃ - အခြေခံပညာ အဆင့်အလိုက် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲတွေကို လာမယ့် ဖေဖော်ဝါရီလထဲမှာ စတင်ကျင်းပမယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ကြေညာထားပါတယ်။

အခြေခံပညာ  မူလတန်း အဆင့်ဖြစ်တဲ့ စတုတ္ထတန်းနဲ့ အလယ် တန်းအဆင့် အဋ္ဌမတန်း စာမေးပွဲတွေကို ဖေ ဖော်ဝါရီ လ ၂၁ ရက်နေ့ မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

မူလတန်းအဆင့် ပထမတန်းမှာ သင်ကြားမှုပြီးစီးမှုအပေါ် ပုံမှန် စစ်ဆေးတာနဲ့ ဒုတိယတန်း အတွက် အခန်းဆုံး စစ်ဆေးတာတွေကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်းဘာသာရပ်တစ်ခုကိုစာသင်ချိန် တစ် ချိန် နှုန်းနဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

တတိယတန်း၊ပဉ္စမတန်း၊ ဆဋ္ဌမတန်းနဲ့ သတ္တမတန်းတွေကိုလည်းဘာသာရပ်တစ်ခုကိုစာသင်ချိန်တစ်ချိန်နှုန်းနဲ့စစ်ဆေးရမယ်လို့ ညွှန်ကြားချက်မှာ ရေးသားထားပါတယ်။  အထက်တန်းအဆင့်ဖြစ်တဲ့ နဝမတန်းအတွက်နှစ်ဆုံးစစ်ဆေးတာတွေကို ဘာသာရပ်  တစ်ခုကို ဖြေဆိုချိန် နှစ်နာရီ သတ်မှတ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဒသမတန်းအတွက် အခန်းဆုံးစစ်ဆေးတာကိုလည်း အဲသည်ရက်အတွင်းမှာပဲသုံးနာရီ မေးခွန်းကို ဖြေဆိုရမယ်လို့ သိရပါတယ်။

ရက်စွဲ စတုတ္ထတန်း အဋ္ဌမတန်း
(မနက် ၉းဝ၀ နာရီမှ (မနက် ၉းဝ၀ နာရီမှ
၁၀း၃၀ နာရီအထိ) ၁၁းဝ၀ နာရီအထိ)
၂၁-၂-၂၀၁၇ မြန်မာစာ မြန်မာစာ
၂၂-၂-၂၀၁၇ အင်္ဂလိပ်စာ အင်္ဂလိပ်စာ
၂၃-၂-၂၀၁၇ သင်္ချာ သင်္ချာ
၂၄-၂-၂၀၁၇ အခြေခံသိပံ ပထဝီ
၂၅-၂-၂၀၁၇ လူမှုရေး သမိုင်း
၂၇-၂-၂၀၁၇ အထွေထွ သိပံ

Sources; မေသော်တာမောင် Kumudra

No comments:

Post a Comment