Latest News

Sunday, January 15, 2017

ကျွန်မျိုးနွယ်မှသည် ပရဟိတ သူဌေးမကြီး အဖြစ်သို့

ကျွန်မျိုးနွယ်မှသည် ပရဟိတ သူဌေးမကြီး အဖြစ်သို့



မယ်လိုနီဟာ ၁၉၂၀ ကာလများဆီက အမေရိက မီလျံနာ သူကြွယ်မကြီးတစ်ဦး ဖြစ်ပါသည်။ လူမည်းတွေကို နှိမ်ထားတဲ့၊ အမျိုးသမီးတွေကို ချောင်ထိုးထားတဲ့ ထိုကာလမှာ အန်နီတန် ဘိုမယ်လိုနီဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ထိပ်ဆုံးရောက် အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာအောင် လှုပ်ရှားရုန်းကန်ခဲ့သူလည်း ဖြစ်သည်။

သူမရဲ့ ထုတ်ကုန်ကေသာနဲ့ အသားအရေ ထုတ်ကုန်ပစ္စည်းတွေကို ကိုယ်တိုင် တစ်အိမ်တက် တစ်အိမ်ဆင်း ရောင်းချခဲ့ရာကနေ ဝန်ထမ်းပေါင်း များစွာနဲ့ လည်ပတ်နေတဲ့ စီးပွားရေးဖြစ်အောင် ကြိုးစားခဲ့သူပါ။
တကယ်တော့ သူဟာ အမေရိကန် လူမည်းကျွန်အဖြစ်မှ လွတ်မြောက်လာသူများကနေ ပေါက်ဖွားခဲ့သူ ဖြစ်သည်။
လူမည်းတွေရဲ့ ကနဦးကာလ ရပ်တည်ဖို့ ခက်ခဲကျပ်တည်း ခဲ့တာတွေကို ကိုယ်တိုင်လည်း သိရှိခံစားခဲ့ဖူးတဲ့ အောက်သက်ကျေ စီးပွားရေး လုပ်ငန်းရှင်မကြီး ဆိုလည်း မမှားပေ။

သူ့ပိုင်ဆိုင်မှုတွေရဲ့ ကဏ္ဍအများစုကို ပညာရေး၊ ကလေးသူငယ်၊ အမျိုးသမီးရေးတို့အတွက် လှူဒါန်းခဲ့ပြီး တက်ကြွစွာ ဦးဆောင်ခဲ့ပေသည်။

လူမည်းများ ပညာရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော ကောလိပ်ကျောင်းများ၊ အဖွဲ့အစည်းများအတွက်လည်း ထောက်ပံ့မှုများကို နှစ်ကာလ အတော်များများ ထည့်ဝင်ခဲ့သူဖြစ်သည်။

၁၈၆၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၇ ခုနှစ် အသက် ၈၇ တွင် ကွယ်လွန်သွားခဲ့သည်။


Sources; The Voice

No comments:

Post a Comment