Latest News

Monday, January 2, 2017

နှစ်သစ်ကူးညက လူ ၃၀ ဦးသေဆုံးအောင် တူရကီ နိုက်ကလပ်ကို အိုင်အက်စ် စစ်သွေးကြွ အဖွဲ့တိုကိုက် ခိုက်

နှစ်သစ်ကူးညက လူ ၃၀ ဦးသေဆုံးအောင် တူရကီ နိုက်ကလပ်ကို အိုင်အက်စ် စစ်သွေးကြွ အဖွဲ့တိုကိုက် ခိုက်

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ကနှစ်သစ်ကူး ည မှာ တူရကီ နိုက်လပ် တစ်ခုထဲ လူပေါင်း ၃၉ ဦးသေဆုံးအောင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ က ၄င်းတို့အဖွဲ့ ၀င်သူရဲကောင်း စစ်သားတစ်ဦးဟာ  ပြည်ပခရီးသွားတွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ အများစုလာရောက်လေ့ရှိတဲ့ ရေနာမြို့ နိုက်ကလပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။

နှစ်သစ်ကူး ည နိုက်ကလပ်ထဲ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံခြား သား ၂၅ ဦးအပါဝင် ၄၀ နီးပါးသေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တူရကီ ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ဟာ ရိုင်ဖယ် သေနတ်ကို အသုံးပြုပြီး ကျည်ဆံ ၁၈၀ သုံးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ဟာ ဥဇက်ဘက်ကစ္စတန် သို့မဟုတ် ကာဂျစ်စတန်နိုင်ငံသားဖြစ်ဖွယ်ရှိပြီး ၇ မီနစ်ကြာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အိုင်အက်စ်အဖွဲ့  က တူရကီနိုင်ငံ ဟာ အိမ်နီချင်း ဆီးရီယားနိုင်ငံ ပြည်တွင်းစစ်ထဲ စစ်ရေး အရကူညီမှုတွေလုပ်ဆောင်နေလို့ တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

 Ref sky news    ဇက်အမ်အို ( တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment