Latest News

Monday, January 2, 2017

သီတဂူဆရာတော်၏ ဆုတောင်း။

သီတဂူဆရာတော်၏ ဆုတောင်း

ငါသည် မည်သူကိုမျှ
ဒုက္ခမပေးပါရစေနှင့်။
သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ
ဆောင်ရွက်နိုင်ရပါလို၏။

ငါသည် သူတစ်ပါးတို့၏
ဒုက္ခကိုပယ်ဖျောက်
ဒုက္ခရောက်သူကို
စောင့်ရှောက်နိုင်ရပါလို၏။

ငါသည် ငါ့ထက်သာလွန်သူကို
မည်သည့်အခါမှ အတုမပြိုင်ပါရစေနှင့်။
ဝမ်းမြောက်စွာ လက်တွဲနိုင်ရပါစေလို၏။

ငါသည် လောက၏ ဆိုးသော
အခြေအနေ၌လည်း စိတ်မပျက်ရပါစေနှင့်။
လောက၏ကောင်းသော
အခြေအနေကိုလည်း မတပ်မက်ရပါစေနှင့်။
ကောင်းဒဏ် ဆိုးဒဏ် ဤနှစ်တန်ကို
ခံနိုင်သည့်သူဖြစ်ရပါလို၏။

Sources; (သီတဂူ ဆရာတော်)

No comments:

Post a Comment